မေ ၉ အခမ်းအနားတက်ရောက်ရန် ဗင်နီဇွဲလားသမ္မတ အား ပူတင် ဖိတ်ကြား
၂၀၂၅ ခုနှစ်၊ မေ ၉ ရက်တွင် မော်စကို၌ ကျင်းပမည့် ဆိုဗီယက်အောင်ပွဲနေ့ အခမ်းအနား တက်ရောက်ရန် ရုရှားသမ္မတ ဗလာဒီမာပူတင်က ဗင်နီဇွဲလား သမ္မတ နီကိုလစ် မာဒူရိုကို ဖိတ်ကြားလိုက်ပါသည်။ ထိုဖိတ်ကြားချက်မှာ ၁၉၄၅ ခုနှစ်က မဟာမိတ်အောင်ပွဲ ရရှိစေရန် ဗင်နီဇွဲလား၏ ပါဝင်ကူညီမှု ကို မီးမောင်းထိုးပြလိုက်ခြင်း ဖြစ်ပါသည်။
သမိုင်းဝင် အောင်ပွဲခံမှု နှစ် ၈၀ ပြည့်အခမ်းအနား တက်ရောက်ရန် နိုင်ငံ အများအပြားမှ ခေါင်းဆောင်များကို ရုရှားသမ္မတက ဖိတ်ကြားထားပါသည်။ ဂျာမန်နာဇီဝါဒကို တိုက်ခိုက်ခဲ့သော မိတ်ဆွေနိုင်ငံများအနက် အီတလီနှင့် ဂျပန်တို့က မော်စကိုရှိ ရင်ပြင်နီတွင် ပြုလုပ်မည့် အဆိုပါ အခမ်းအနားတွင် စစ်ရေးပြ ပါဝင်ချီတက်ရန် တပ်ဖွဲ့ဝင်များစေလွှတ်မည်ဖြစ်ပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃
MM-News-Category