ပူတင်နှင့်ထရမ့် လာမည့်အပတ် တွေ့နိုင်ဖွယ်ရှိသည် ဟု အမေရိကန် အထူးကိုယ်စားလှယ် ပြော

News Image

ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် တို့သည် လာမည့်အပတ်တွင် တွေ့ဆုံဆွေးနွေးနိုင်ဖွယ်ရှိကြောင်း အမေရိကန် သမ္မတ အထူးကိုယ်စားလှယ် စတီဗင်ဝှစ်ကော့က CNN ကို ပြောကြားလိုက် ပါသည်။

ခေါင်းဆောင်နှစ်ဦး တွေ့ဆုံမှုက အမှန်တကယ်ကောင်းမွန်ပြီး အနာဂတ်အတွက် အကျိုးအမြတ် ရရှိနိုင်မည် ဟု ထင်မြင်ကြောင်း အမေရိကန် အနေဖြင့်လည်း ယူကရိန်းတာဝန်ရှိသူများကို လိုအပ်သည့် အကြံပြုချက်များ ပံ့ပိုးပေးလျက်ရှိကြောင်း ၎င်းက ပြောကြားထားပါသည်။

အထူးကိုယ်စားလှယ် စတီဗင်ဝှစ်ကော့သည် ရုရှားသမ္မတ ပူတင်နှင့် ပြီးခဲ့သည့် မတ်လ ၁၃ ရက် (ကြာသပတေးနေ့) ညနှောင်းပိုင်းတွင် ၃ နာရီမှ ၄ နာရီ အထိ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရှိရပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃