ရုရှားပိုင် Kursk ဒေသအတွင်းရှိ ဝိုင်းဝန်းပိတ်ဆို့ခံထားရသော ယူကရိန်း စစ်သားများအား မည်သည့်အရေးယူမှုမျှ မပြုလုပ်ရန် ပူတင်အား စည်းရုံးမည်ကြောင်း ထရမ့် ပြောကြား
ရုရှားပိုင် Kursk ဒေသအတွင်းရှိ ဝိုင်းဝန်းပိတ်ဆို့ခံထားရသော ယူကရိန်း စစ်သားများအား မည်သည့်အရေးယူမှုမျှ မပြုလုပ်ရန် ပူတင်အား စည်းရုံးမည်ကြောင်း Trump က ပြောကြားခဲ့သည်။
“မတ်လ ၁၈ ရက်နေ့တွင် ရုရှားတပ်တွေ ဝိုင်းရံထားသည့် ယူကရိန်း စစ်သားများကို ကယ်တင်နိုင်ရန်အတွက် ရုရှားသမ္မတ ပူတင်နှင့် စကားပြောမည်ဖြစ်ကြောင်း၊ သတင်းစာရှင်းလင်းပွဲတစ်ခုမှာ မိမိအနေဖြင့် အချက်အလက်အများကြီးပေးမည်ဖြစ်ကြောင်း၊ သို့သော် အဆိုပါ ကိစ္စသည် အမှန်တကယ့်ကို အရေးကြီးသည့် ကိစ္စဖြစ်ကြောင်း၊ ယူကရိန်း စစ်သည်များကို ဝိုင်းထားကြသည့်အတွက် မိမိတို့အနေဖြင့် ကယ်တင်မပေးပါက ၎င်းတို့၏ ကံကြမ္မာက ဝမ်းနည်းစရာဖြစ်မည်ဆိုသည်မှာ သေချာပါကြောင်း၊ လောလောဆယ်အနေဖြင့် ၎င်းတို့ကို မည်သည့်အရေးယူမှုမျှ မပြုလုပ်ရန် စည်းရုံးနိုင်ခဲ့ကြောင်း” ထရမ့်က ပြောကြားခဲ့ပါသည်။
ကိုးကား-The White House
News Video
MM-News-Category