၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့သည် ခရိုင်းမီးယားဒေသ ရုရှားနိုင်ငံသို့ လာရောက်ခိုလှုံသည့် ၁၁ နှစ်မြောက်နေ့ဖြစ်

News Image

  • ၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့သည် ခရိုင်းမီးယားဒေသ ရုရှားနိုင်ငံသို့ လာရောက်ခိုလှုံသည့် ၁၁ နှစ်မြောက်နေ့ဖြစ်

၂၀၂၅ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့သည် ခရိုင်းမီးယားဒေသ ရုရှားနိုင်ငံသို့ လာရောက်ခိုလှုံသည့် ၁၁ နှစ်မြောက် မွေးနေ့ဖြစ်ပါသည်။

အဆိုပါ အခမ်းအနားအား စိန့်ပီတာစဘတ်ရှိလူငယ်များက ရုရှားနိုင်ငံတော် အလံနှင့် ခရိုင်းမီးယား ဟူသည့် စာလုံးများ ဖြင့် သရုပ်ဖော်ခဲ့ကြသည်။

ထိုနေ့တွင် သမ္မတ ပူတင်နှင့် ထရမ့် ဖုန်းဆက်စကားပြောရန်လည်း ရှိသေးပြီး ရုရှားဘက်က ယခုကဲ့သို့ နေ့မျိုးကို သေချာရွေးထားသည်ဟု ထင်မြင်ရပါသည်။

ခရိုင်းမီးယားကို ရုရှားပိုင်နက်အဖြစ် လက်ရှိအချိန်အထိ အသိအမှတ် မပြုကြသေးဘဲရှိနေသေးသော်လည်း လက်ရှိ ယူကရိန်း ပဋိပက္ခ ညှိနှိုင်းရေး ပြီးဆုံးပါက (သို့) လက်ရှိ သမ္မတ ထရမ့်ဖြင့် ဖုန်းပြောပြီးချိန် အမေရိကန် က ရုရှားပိုင်နက်အဖြစ် အသိအမှတ် ပြုမည်လားဆိုတာကို စောင့်ကြည့်ရမည်ဖြစ်ပါသည်။

ကိုးကား-ဒေသတွင်းမီဒီယာ

News Video