ထရမ့်နှင့် ပူတင် ၏ အရှေ့အလယ်ပိုင်း အပစ်ရပ်စဲရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုအကြောင်း ရုရှား အစိုးရဘက်က ပြောသမျှ အကျဥ်းချုပ်

News Image

  • ထရမ့်နှင့် ပူတင် ၏ အရှေ့အလယ်ပိုင်း အပစ်ရပ်စဲရေးနှင့် ပတ်သက်၍ ဆွေးနွေးမှုအကြောင်း ရုရှား အစိုးရဘက်က ပြောသမျှ အကျဥ်းချုပ်

ထရမ့် ၏ အကြံပြုချက်ကို ထောက်ခံပြီး ယူကရိန်းနှင့် ရုရှားတို့သည် ရက် ၃၀ ကြာ စွမ်းအင်အခြေခံအဆောက်အဦများကို တိုက်ခိုက်မှုရပ်စဲရန် သဘောတူခဲ့ကြပါသည်။

ပင်လယ်နက်အတွင်း ရေကြောင်းသွားလာရေး လုံခြုံရေးနှင့် ပတ်သက်သည့် ညှိနှိုင်းဆွေးနွေးမှုများ စတင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

မတ်လ ၁၉ ရက်နေ့တွင် ရုရှားနှင့် ယူကရိန်းတို့သည် စစ်သုံ့ပန်း ၁၇၅ ဦး ကို လဲလှယ်မည်ဖြစ်ပြီး ရုရှားမှာ ကုသမှုခံယူနေသည့် အပြင်းအထန် ဒဏ်ရာ ရထားသော ယူကရိန်းတပ်ဖွဲ့ဝင် ၂၃ ဦးကိုလည်း ပြန်လည် လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သိရှိရပါသည်။ ယူကရိန်းအနေဖြင့် ရက် ၃၀ အပစ်ရပ်ကာလအတွင်း စစ်သားစုဆောင်းခြင်းနှင့် လက်နက်ပြန်လည် ဖြည့်တင်းခြင်းများ မပြုလုပ်ရန် ရုရှားဘက်က တောင်းဆိုထားပါသည်။

ကိုးကား-ကရင်မလင်