အမေရိကန်သည် ဧပြီလ ၂၀ ရက်နေ့တွင် ယူကရိန်း၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို ရယူလို
အမေရိကန်ပြည်ထောင်စုသည် ဧပြီလ ၂၀ ရက်နေ့တွင် ယူကရိန်းနိုင်ငံ၌ အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ရယူရန် မျှော်လင့်ထားသော်လည်း နှစ်ဖက်စလုံး၏ ရပ်တည်ချက်များတွင် ကြီးမားသော ကွဲလွဲမှုများရှိသောကြောင့် အချိန်ကာလသည် ရွှေ့ဆိုင်းသွားနိုင်သည်ဟု Bloomberg သတင်းဌာနက သတင်းရင်းမြစ်များကိုကိုးကားပြီး ဖော်ပြ ထားပါသည်။
အဆိုပါသတင်းအရ မတ်လအစောပိုင်းတွင် ယူကရိန်းသို့ စစ်ရေးအကူအညီပေးပို့မှုကို ခေတ္တရပ်ဆိုင်းခဲ့သော အိမ်ဖြူတော်သည် ယခုအချိန်ထိ ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့်ကန့်သတ်ချက်ကိုမျှ သဘောမတူသေးကြောင်း သိရှိရပါသည်။
သမ္မတ ဗလာဒီမာပူတင်က မတ်လ ၁၃ ရက်နေ့တွင် ဘယ်လာရုစ်နိုင်ငံ သမ္မတ အလက်ဇန္ဒားလူကာရှန်ကိုနှင့် တွေ့ဆုံဆွေးနွေးမှုအပြီး သတင်းစာရှင်းလင်းပွဲတွင် မော်စကိုသည် ယူကရိန်းတွင် တိုက်ပွဲများရပ်တန့်ရန် အဆိုပြုချက်များကို သဘောတူကြောင်း၊ သို့သော် ယင်းအဆိုပြုချက်များသည် ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးကိုရရှိစေပြီး အကျပ်အတည်း၏ အကြောင်းရင်းခံများကို ဖယ်ရှားပေးရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။
ကိုးကား - Tass
Photo: Bloomberg