ရုရှားအစိုးရ(ကရင်မလင်)က အမေရိကန်၏ ရပ်တည်ချက်ပြောင်းလဲမှုကို အပြုသဘောဆောင်သည်ဟု သဘောထားကြောင်း ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဖ်က ပြောကြား

News Image

  • ရုရှားအစိုးရ(ကရင်မလင်)က အမေရိကန်၏ ရပ်တည်ချက် ပြောင်းလဲမှု ကို အပြုသဘောဆောင်သည်ဟု သဘောထားကြောင်း ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဖ်က ပြောကြား

ရုရှားအစိုးရ(ကရင်မလင်)က အမေရိကန်၏ ရပ်တည်ချက် ပြောင်းလဲမှုကို အပြုသဘောဆောင်သည်ဟု သဘောထားကြောင်း ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဖ်က ပြောကြားခဲ့ပါသည်။

ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဖ်က အမေရိကန် အစိုးရသစ်သည် ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ ပြောဆိုနေပြီး စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု၏ အလားအလာများကိုပါ ပြောဆိုနေသောကြောင့် ယင်းအချက်သည် လူတိုင်းအတွက် အကျိုးအမြတ်ရရှိစေမည်ဟု ပြောကြားခဲ့ပါသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ၎င်း၏အစိုးရအဖွဲ့ ရောက်ရှိလာပြီး နောက်ပိုင်း အမေရိကန်အစိုးရသည် ၎င်းတို့၏ရပ်တည်ချက်ကို လုံးဝ ပြောင်းလဲခဲ့ပြီး ရုရှားအစိုးရသည် ယခုချဉ်းကပ်မှုအသစ်ကို ပို၍ပင် နှစ်သက်ကြောင်း ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဖ်က ပြောကြားခဲ့ပါသည်။ 

“အစိုးရသစ်သည် ယခင်အစိုးရ (ဘိုင်ဒင်၏အစိုးရ) ၏ ရပ်တည်ချက်နှင့် လုံးဝကွဲပြားခြားနားသော ရပ်တည်ချက်ရှိသည်မှာ ထင်ရှားသည်” ဟု ၎င်းက VGTRK မှ သတင်းထောက် ပါဗယ် ဇာရူဘင်ကို ပြောကြားခဲ့ပါသည်။ 

ကိုးကား - TASS

Photo: France 24