ယူကရိန်းရှိ ဟန်ဂေရီလူမျိုးစု၏ အခွင့်အရေး မရမချင်း EU ထဲ ယူကရိန်း ဝင်ရောက်ရန်မှာ မဖြစ်နိုင်ကြောင်း ဟန်ဂေရီပြောကြား

News Image

  • ယူကရိန်းရှိ ဟန်ဂေရီလူမျိုးစု၏ အခွင့်အရေး မရမချင်း EU ထဲ ယူကရိန်း ဝင်ရောက်ရန်မှာ မဖြစ်နိုင်ကြောင်း ဟန်ဂေရီပြောကြား

ယူကရိန်းနိုင်ငံ Transcarpathia ဒေသရှိ ဟန်ဂေရီလူမျိုးစုများ၏ အခွင့်အရေးများအား ယူကရိန်းအစိုးရက ဖျက်သိမ်းထားမှုအပေါ် ပြန်လည် ရုတ်သိမ်းပေးမှသာ ယူကရိန်း၏ ဥရောပသမဂ္ဂအဖွဲ့သို့ ဝင်ရောက်လိုမှု ဆွေးနွေးမှုများအတွက် ဟန်ဂေရီနိုင်ငံက ဗီတိုပြန်လည် ရုတ်သိမ်းပေးမည်ဖြစ်ကြောင်း ဟန်ဂေရီနိုင်ငံခြားရေးဝန်ကြီး Peter Szijjarto က ဩစတြီးယား နိုင်ငံခြားရေးဝန်ကြီး Beate Meinl-Reisinger ကို ပြောကြားလိုက်ပါသည်။

ယူကရိန်းနိုင်ငံအနောက်ပိုင်းရှိ Transcarpathia ဒေသတွင် နေထိုင်နေသူ ဟန်ဂေရီ လူမျိုးစုများ၏ ဘာသာစကားအသုံးပြုခွင့်နှင့် ပညာရေးလေ့လာဆည်းပူးခွင့်တို့ကို ယူကရိန်းအစိုးရက ၂၀၁၅ ခုနှစ်တွင် ဖျက်သိမ်းခဲ့ကြောင်း၊ ထိုလူမျိုးစုများ၏ အခွင့်အရေးများနှင့်ပတ်သက်၍ ယူကရိန်းဘက်က ပြန်လည်ပေးအပ်မည်ဟု ကတိနှင့်စကားသံများ ထွက်ပေါ်ခဲ့မှုများရှိခဲ့သော်လည်း လက်ရှိအချိန်အထိ လျစ်လျူရှုထားပါကြောင်း၊ မိမိတို့ ဟန်ဂေရီလူမျိုးစု၏ အခွင့်အရေးများ ပြန်လည် မရရှိသေးချိန်အထိ  ယူကရိန်းက ဥရောပသမဂ္ဂအဖွဲ့ထဲ ဝင်ရောက်ရန်  ဖြစ်လာနိုင်မည်မဟုတ်ပါကြောင်း Szijjarto က Reisinger နှင့် ဖုန်းဖြင့် ဆက်သွယ်ပြောကြားချိန်တွင် ပြောကြားလိုက်ပါသည်။

ဩစတြီးယား နိုင်ငံခြားရေးဝန်ကြီး Beate Meinl-Reisinger သည် ပြီးခဲ့သည့်အပတ်က ယူကရိန်းနိုင်ငံသို့ သွားရောက်ကာ ယူကရိန်း အစိုးရအဖွဲ့ဝင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။

ကိုးကား- TASS           

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃