ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတ မိုဟာမက် ဘင်ဇာယက်အလ်နာဟီယန်တို့ကြား တယ်လီဖုန်း ဆက်သွယ်စကားပြောကြား

News Image

  • ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု ၏သမ္မတ မိုဟာမက် ဘင်ဇာယက်အလ်နာဟီယန်တို့ကြား တယ်လီဖုန်း ဆက်သွယ်စကားပြောကြား

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် အာရပ်စော်ဘွားများပြည်ထောင်စု၏ သမ္မတ မိုဟာမက် ဘင်ဇာယက်အလ်နာဟီယန်တို့ကြား တယ်လီဖုန်းဆက်သွယ်စကားပြောကြားခဲ့ကြကြောင်း ကရင်မလင်မှ သတင်း ထုတ်ပြန်ထားပါသည်။ 

ရုရှားဘက်မှ ယူကရိန်းနှင့်ရုရှားအကြား ဖမ်းဆီးထားသူများ လဲလှယ်ရာတွင် ယူအေအီးနိုင်ငံ၏ ကြားဝင်ဖျန်ဖြေပေးသည့်အတွက် ကျေးဇူးတင် ကြောင်း ဖော်ပြခဲ့သည်။

ယူကရိန်းပဋိပက္ခငြိမ်းချမ်းရေး ဖြေရှင်းရန်နှင့် မော်စကို-ဝါရှင်တန် နှစ်နိုင်ငံ ဆက်ဆံရေးပုံမှန်ဖြစ်စေရန် ရုရှား-အမေရိကန် အကြား လက်ရှိ အပြန် အလှန် ဆွေးနွေးမှုများကို ခေါင်းဆောင်နှစ်ဦးက ဆွေးနွေးခဲ့ကြပါသည်။ ယူအေအီးနိုင်ငံသမ္မတ မိုဟာမက်အလ်နာဟီယန်က ရုရှားနှင့် အမေရိကန် တို့၏ကြိုးပမ်းမှုများကို ထောက်ခံကြောင်း၊ အထူးသဖြင့် ရီယာ့ဒ်မြို့တွင် ကျင်းပနေသည့် နှစ်နိုင်ငံပညာရှင်အဖွဲ့များ၏ ဆွေးနွေးပွဲကို ကြိုဆိုကြောင်း ပြောကြားခဲ့ပါသည်။ 

သမ္မတ ဗလာဒီမာပူတင်နှင့် သမ္မတ မိုဟာမက်အလ်နာဟီယန်တို့သည် ရုရှား- ယူအေအီး နိုင်ငံတကာမဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး၏ လက်ရှိအောင်မြင်မှုကို အသိအမှတ်ပြုခဲ့ပြီး ကုန်သွယ်ရေး၊ စီးပွားရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာနယ်ပယ်များတွင် အပြန်အလှန် အကျိုးရှိသည့် စီမံချက်များ ဆက်လက်အကောင်အထည်ဖော်ရန် သဘောတူညီခဲ့ကြပါသည်။ ထို့အပြင် “OPEC+” မူဘောင်အတွင်း နီးကပ်စွာ ညှိနှိုင်းဆောင်ရွက်မှုကိုလည်း ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါ သည်။ 

သမ္မတ ဗလာဒီမာပူတင်က သမ္မတ မိုဟာမက်အလ်နာဟီယန်နှင့် အာရပ် စော်ဘွား ပြည်ထောင်စုလူမျိုးအားလုံးအား မွတ်စ်လင်မ်များအတွက် သန့်ရှင်းသည့် ရမ္မဒါန်လမြတ် ကို ဂုဏ်ပြုနှုတ်ဆက်ခဲ့ပါသည်။ 

ကိုးကား - ကရင်မလင်

Photo: Emirates 24/7