ရုရှားနှင့်ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သည် စစ်ရေးနယ်ပယ်တွင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်မှု အလားအလာများကို ဆွေးနွေးခဲ့ကြကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ
ရုရှားကာကွယ်ရေးဝန်ကြီးဌာနဒုဝန်ကြီး ဗိုလ်ချုပ်ကြီး အလက်ဇန်းဒါ ဖိုမင်သည် ဘင်္ဂလားဒေ့ရှ် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါကာအူးဇ်ဇမန် (Waker-Uz-Zaman) နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အလားအလာများကို ဆွေးနွေးခဲ့ကြကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အတည်ပြုခဲ့သည်။ ရုရှားကာကွယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ၊ “၂၀၂၅ ခုနှစ်၊ ဧပြီလ ၇ ရက်တွင် မော်စကိုမြို့၌ ရုရှားဖက်ဒရေးရှင်းသို့ အလုပ် သဘောခရီးစဉ်ဖြင့် ရောက်ရှိလာသည့် ဘင်္ဂလားဒေ့ရှ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဝါကာအူးဇ် ဇမန်နှင့် ရုရှားကာကွယ်ရေးဒုဝန်ကြီး ဗိုလ်ချုပ်ကြီး အလက်ဇန်းဒါ ဖိုမင်တို့ အလုပ်သဘောတွေ့ဆုံမှု ပြုလုပ်ခဲ့သည်” ဟု ဖော်ပြထားသည်။ ထုတ်ပြန်ချက်တွင် သဘောတူညီချက်များအရ နှစ်နိုင်ငံသည် “စစ်ရေးနယ်ပယ်တွင် နှစ်ဖက် ပူးပေါင်းဆောင်ရွက်မှု အလားအလာများကို ဆွေးနွေးခဲ့ပြီး၊ ရုရှားနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ တပ်မတော်များနှင့် ပြည်သူများအကြား ရှိရင်းစွဲ ခင်မင်ရင်းနှီးမှုများကို ပိုမိုခိုင်မာစေရန် နှစ်ဖက်စလုံးမှ ဆန္ဒပြုခဲ့ကြသည်” ဟု ဖော်ပြထားပါသည်။
ကိုးကား - Tass