ညမထွက်ရအမိန့် ထုတ်ထားသော်လည်း လော့အိန်ဂျလိမြို့၌ ဆူပူအုံကြွမှုများ ဆက်လက်ဖြစ်ပွား

News Image

  • ညမထွက်ရအမိန့် ထုတ်ထားသော်လည်း လော့အိန်ဂျလိမြို့၌ ဆူပူအုံကြွမှုများ ဆက်လက်ဖြစ်ပွား

အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်ရှိ လော့အိန်ဂျလိမြို့၌ ဖြစ်ပွားနေသော ဆူပူဆန္ဒပြမှုများကို ထိန်းသိမ်းနိုင်ရေးအတွက် သမ္မတထရမ့်က အမျိုးသား အစောင့်တပ်ဖွဲ့နှင့် မရိန်းတပ်ဖွဲ့တို့ကို စေလွှတ်ကာ  ညမထွက်ရအမိန့် ထုတ်ပြန်ထားသော်လည်း ဆူပူအုံကြွမှုများ ဆက်လက်ဖြစ်ပွားလျက် ရှိကြောင်း သိရသည်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ မူဝါဒအရ နိုင်ငံအတွင်း ဗီဇာသက်တမ်း ကျော်လွန်နေထိုင်သူများ၊ ခိုးဝင်နေထိုင်သူများကို ဗဟိုအစိုးရ တာဝန်ရှိသူများက ဝင်ရောက်ဖမ်းဆီးမှုများ လုပ်ဆောင်စဉ် ဆန္ဒပြမှုများနှင့် ရင်ဆိုင်ရပြီး ထိုဆန္ဒပြမှုများက ဆူပူအုံကြွမှုဆီသို့ ကူးပြောင်းလာခြင်းဖြစ်သည်။

ဇွန်လ ၁၀ ရက်ညပိုင်းအထိ အမေရိကန် ပြည်တွင်းသတင်းဌာနများ၏ ထုတ်ပြန် ချက်များကိုကြည့်ပါက အဆိုပါဆူပူအုံကြွမှုများသည် လော့အိန်ဂျလိမြို့၌သာမက အခြား မြို့ပေါင်း ၁၀ မြို့ကျော်တွင်လည်း အလားတူ ဆူပူဆန္ဒပြမှုများဖြစ်ပွားနေပြီ ဖြစ်ကြောင်း တွေ့ရသည်။

အဆိုပါဆန္ဒပြမှုများတင် ဦးဆောင်ပါဝင်သူများသည် အခကြေးငွေရယူထားသည့် ဆူပူအုံကြွသူများ ဖြစ်ကြောင်း၊ လော့အိန်ဂျလိမြို့တွင် အုံကြွမှုများဖြစ်ပွားစေရန်    ကောင်းစွာလေ့ကျင့်ထားသည့် သွေးထိုးလှုံ့ဆော်သူများက လုပ်ဆောင်နေခြင်း ဖြစ်ကြောင်း ထရမ့်က ပြောထားသည်ဟု သိရသည်။

MWD Web Portal