ထိုင်းတွင် ငလျင်ကြောင့် အထပ် ၃၀ ရှိ အဆောက်အဦပြိုကျမှုအတွက် ဆောက်လုပ်ရေးပစ္စည်းများကွာလတီမှီ၊ မမှီကို ဝန်ကြီးချုပ် ပေထုံတန် က အဖွဲ့ဖွဲ့ပြီး စစ်ဆေး

News Image

  • ထိုင်းတွင် ငလျင်ကြောင့် အထပ် ၃၀ ရှိ အဆောက်အဦပြိုကျမှုအတွက် ဆောက်လုပ်ရေးပစ္စည်းများကွာလတီမှီ၊ မမှီကို ဝန်ကြီးချုပ် ပေထုံတန် က အဖွဲ့ဖွဲ့ပြီး စစ်ဆေး

ထိုင်းတွင် ငလျင်ကြောင့် အထပ် ၃၀ ရှိ အဆောက်အဦပြိုကျမှု့အတွက် ဆောက်လုပ်ရေးပစ္စည်းများကွာလတီမှီ၊ မမှီကို ဝန်ကြီးချုပ် ပေထုံတန်က အဖွဲ့ဖွဲ့ပြီး စစ်ဆေးနေသည်။ ထိုအဆောက်အဦကို တရုပ် CREC ကုမ္ပဏီ က ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး ကနဦး စစ်ဆေးတွေ့ရှိချက်၌ အဆင့်မမှီသော သံချောင်းများသုံးထားသည်ဟုဆိုသည်။ ထိုကုမ္ပဏီသည် မနှစ်က ဆားဗီးယားနိုင်ငံ ဘူတာရုံပြိုကျမှု၌ လူ ၁၄ ဦးသေဆုံးခဲ့ရမှုတွင်လည်း တာဝန်ရှိကြောင်း စစ်ဆေးတွေ့ရှိထားသည် ဟု ဆိုသည်။

၎င်းအဆောက်အဦ၌ သေဆုံးသူ အလောင်းရ ၁၅ ဦး ၊ ပျောက်ဆုံး ၉၆ ဦးရှိနေပြီး သေသူ ၁၅ ဦး၌ မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားတို့ ပါဝင် သည်။ ၎င်းတို့အား ထိုင်းဘတ် ၁၇ သိန်းစီ ပေးလျော်ရန် အမိန့်ချမှတ် ထားသည်။

ထိုင်းငလျင်၌ သေဆုံးစုစုပေါင်း ၈၃ ဦးနက် မြန်မာ ၂၇ ဦးပါဝင်ခဲ့သည်။ ဂျပန်အစိုးရက မြန်မာသို့ ယန်းသန်း ၉၀၀ ထောက်ပံ့မည်ဟု ကြေညာ သည်။

ကိုးကား- Bullet Voice