တရုတ်နိုင်ငံက တိုင်ဖွန်းမုန်တိုင်း ဝီဖာအား အရေးပေါ်တုံ့ပြန်ရေးအဆင့် တိုးမြှင့်ထား

News Image

  • တရုတ်နိုင်ငံက တိုင်ဖွန်းမုန်တိုင်း ဝီဖာအား အရေးပေါ်တုံ့ပြန်ရေးအဆင့် တိုးမြှင့်ထား

တရုတ်နိုင်ငံ ရေကြီးရေလျှံမှု ထိန်းချုပ်ရေးနှင့် မိုးခေါင်မှုလျော့ပါးရေးဌာနချုပ်က နိုင်ငံတောင်ပိုင်း ပြည်နယ်များဖြစ်သော ကွမ်တုန်းနှင့် ဟိုင်နန် တို့တွင် တိုင်ဖွန်းမုန်တိုင်း ဝီဖာ (Wipha) ၏ သက်ရောက်မှုကို ရေကြီးရေလျှံမှုနှင့် တိုင်ဖွန်းမုန်တိုင်းထိန်းချုပ်မှု အရေးပေါ်တုံ့ပြန်ရေးအဆင့်သုံး အဖြစ် ဇူလိုင် ၂၀ ရက်က တိုးမြှင့်ထားခဲ့ကြောင်း သိရသည်။ 

ကွမ်ရှီး (ကျွမ့်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်မူ ယင်းတိုင်ဖွန်းမုန်တိုင်းအား အရေးပေါ်အခြေအနေ အဆင့်လေးအဖြစ် ထိန်းထားခဲ့သည်။ မိုးလေဝသ ကြိုတင်ခန့်မှန်းချက်များအရ ဝီဖာ တိုင်ဖွန်းမုန်တိုင်းကြောင့် ဇူလိုင် ၂၀ ရက် မှ ၂၁ ရက်အထိ ဟိုင်နန်ပြည်နယ်နှင့် ကွမ်တုန်းပြည်နယ်များရှိ နေရာများစွာ၌ မိုးသက်မုန်တိုင်းများနှင့် မိုးသည်းထန်စွာရွာသွန်းမှုများ ဖြစ်ပွား နိုင်ကြောင်း သိရသည်။ 

ထို့ပြင် သဘာဝဘေးကြိုတင်ကာကွယ်ရေး၊ လျှော့ချရေးနှင့် ကယ်ဆယ်ရေးဆိုင်ရာ အမျိုးသားကော်မရှင်ရုံး၊ အရေးပေါ်စီမံခန့်ခွဲမှုဝန်ကြီးဌာန၊ အမျိုးသား စားသောက်ကုန်နှင့် မဟာဗျူဟာမြောက် အရန်ထားရှိရေး စီမံခန့်ခွဲမှု ဦးစီးဌာနအပါအဝင် ဗဟိုအာဏာပိုင်အဖွဲ့များက ကွမ်တုန်းနှင့် ဟိုင်နန် ပြည်နယ်များသို့ ကယ်ဆယ်ထောက်ပံ့ရေးပစ္စည်း တစ်သုတ်ပေးပို့ထားပြီး ဖြစ်ကြောင်း၊ ယင်းကယ်ဆယ်ရေးပစ္စည်းများတွင် ခေါက်ခုတင်များ၊အိမ်ရာခင်းများနှင့် မီးအိမ်များ စသည့် ပစ္စည်းအမျိုးအစား ၃၃,၀၀၀ စုစည်း ပါဝင်ကြောင်း သိရသည်။ တရုတ်နိုင်ငံ အရေးပေါ်တုံ့ပြန်ရေးစနစ် အဆင့်လေးဆင့်ရှိပြီး အဆင့်တစ်မှာ အပြင်းထန်ဆုံး တုံ့ပြန်မှုအဆင့်အဖြစ် သတ်မှတ်ထားခြင်းဖြစ်သည်။ 

ကိုးကား- Xinhua

Photo: China Daily