တောင်ကိုရီးယား မိုးသည်းထန်မှု လူ ၁၈ ဦးသေဆုံး
တောင်ကိုးရီးယားနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမြေပြိုမှု များဖြစ်ပွားကာ အနည်းဆုံး လူ ၁၈ ဦး သေဆုံးပြီး ၉ ဦး ပျောက်ဆုံးနေသည်ဟု တောင်ကိုရီးယားအစိုးရက ဇူလိုင် ၂၁ ရက် (တနင်္လာနေ့) တွင် သတင်းထုတ်ပြန်ထားပါသည်။
Sancheong ကောင်တီ၊ South Gyeongsang ပြည်နယ်၊ Gapyeong ကောင်တီနှင့် Gyeonggi ခရိုင်အပြင် Chungcheongnam-do ပြည်နယ်ရှိ Seosan မြို့တို့မှာ အဆိုးဝါးဆုံး ဒေသများထဲတွင် ပါဝင်နေပါသည်။
အဆိုပါသဘာဝဘေးအန္တရာယ်ကြောင့် လူပေါင်း ၁၄၀၀၀ ကျော်ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းထားရပါသည်။ အာမခံကုမ္ပဏီများသည် ပြင်းထန်သောရာသီဥတုကြောင့် ပျက်စီးဆုံးရှုံးမှုများအတွက် လျော်ကြေး တောင်းခံစာ ၄၂၀၀ ကျော် လက်ခံရရှိထားကြောင်း သိရပါသည်။
တနင်္လာနေ့ (ဇူလိုင် ၂၁) က တောင်ကိုရီးယားနိုင်ငံ အနှံ့အပြား မိုးသည်းထန်စွာ ရွာသွန်းလျက်ရှိရာ ယခုအခါ မိုးသည်းထန်မှု တဖြည်းဖြည်း လျော့နည်းလာပြီ ဖြစ်ပါသည်။
ကိုးကား- TASS
Photo: yuz.uz
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃