တောင်ကိုရီးယားအစိုးရက ရေဘေးသင့်သဘာဝဘေးအန္တရာယ်ဇုန်များကို ကြေညာခဲ့

News Image

  • တောင်ကိုရီးယားအစိုးရက ရေဘေးသင့်သဘာဝဘေးအန္တရာယ်ဇုန်များကို ကြေညာခဲ့

ဆိုးလ်   ဇူလိုင် ၂၃

တောင်ကိုရီးယားနိုင်ငံ အစိုးရက နိုင်ငံအတွင်းရှိ ရေဘေးသင့်မြို့ခြောက်မြို့ကို အထူးသဘာဝဘေးအန္တရာယ်ဇုန်အဖြစ် ဇူလိုင် ၂၂ ရက်က ကြေညာခဲ့ကြောင်းသိရသည်။

အထူးသဘာဝဘေးအန္တရာယ်ဇုန်အဖြစ် သတ်မှတ်ထားသော ရေဘေးသင့်မြို့များမှာ Gyeonggi ပြည်နယ်ရှိ Gapyeony မြို့၊ တောင် Chungcheong ပြည်နယ်ရှိ Seasan မြို့နှင့် Yesan မြို့၊ တောင် Jeolla ပြည်နယ်ရှိ Damyang မြို့၊ တောင် Gyeongsang ပြည်နယ်ရှိ Sancheong မြို့နှင့် Hapcheon မြို့များဖြစ်ကြောင်း၊ တောင်ကိုရီးယားနိုင်ငံအတွင်း ရေကြီးရေလျှံမှုကြောင့် ပျက်စီးသွားသည့် အခြေခံအဆောက်အအုံနှင့် လမ်းများစာရင်းကိုလည်း ယနေ့တွင် ထုတ်ပြန်ခဲ့ကြောင်း သိရသည်။

ထိုစာရင်းအရ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူ၁၉ ဦးသေဆုံးပြီး ကိုးဦးပျောက်ဆုံးနေကာ လူ၂၅၄၉ ဦး အိုးမဲ့အိမ်မဲ့ဖြစ်နေဆဲဖြစ်ကြောင်း၊ နေအိမ်များ၊ဈေးဆိုင်များနှင့် စက်ရုံများအပါအဝင် အဆောက်အအုံ ၃၇၇၆ လုံးရေနစ်မြုပ်ပျက်စီးခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံ ပြည်ထဲရေးနှင့် ဘေးကင်းရေးဝန်ကြီးဌာနမှ သိရသည်။

လက်ရှိတွင် မြေပြိုမှုနှင့် ရေကြီးမှုဆိုးရွားစွာ ဖြစ်ပေါ်နေသော ရေဘေးသင့်ခရိုင်များကို အထူးသဘာဝဘးအန္တရာယ်ဇုန်အဖြစ် တောင်ကိုရီးယားသမ္မတလီဂျေးမြောင်၏ အစိုးရက ထုတ်ပြန်ခဲ့ပြီး ရေဘေးဒုက္ခသည်များကို  အရေးပေါ်စီမံခန့်ခွဲရေးနှင့် ငွေကြေးဆိုင်ရာ အထောက်အပံ့များပေးသွားမည်ဖြစ်ပြီးပျောက်ဆုံးနေသူများကိုလည်း ရှာဖွေကယ်ဆယ်ရေးများ ဆောင်ရွက်နေကြောင်း သိရသည်။

ရတနာပုံသတင်းစာ

Photo: Yahoo