မြန်မာ့ငလျင် သေဆုံးသူဦးရေ ၃၄၅၅ ရှိလာ၊ ငလျင်ပြင်းအား ၈.၂ ရှိဟု ထိုင်းခန့်မှန်း

News Image

  • မြန်မာ့ငလျင် သေဆုံးသူဦးရေ ၃၄၅၅ ရှိလာ၊ ငလျင်ပြင်းအား ၈.၂ ရှိဟု ထိုင်းခန့်မှန်း

မြန်မာနိုင်ငံတွင် ပြီးခဲ့သည့် မတ်လ ၂၈ ရက်က လှုပ်ခတ်သော ငလျင် ကြောင့် ယခုအခါ သေဆုံးသူ ၃၄၅၅ ဦးအထိ ရှိလာပြီဖြစ်ပြီး လူပေါင်း ၄၈၄၀ ဦး ဒဏ်ရာရရှိထားကာ ၂၁၄ ဦး ပျောက်ဆုံးဆဲဖြစ်ကြောင်း ဆင်ဟွာ သတင်းဌာနဖော်ပြထားပါသည်။

အဆိုပါငလျင်အား ထိုင်းနိုင်ငံ၊ မိုးလေဝသဌာနက ပြင်းအား ၈.၂ မဂ္ဂနီကျူ အထိ ရှိကြောင်း ခန့်မှန်းထားကြပါသည်။ ထိုငလျင်သည် ထိုင်းနိုင်ငံ အပြင် တရုတ်နှင့်ဗီယက်နမ်တို့ကိုပါ လှုပ်ခတ်ခဲ့ပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃