ဥရောပသမဂ္ဂအဖွဲ့ ဝင်ရောက်ရေး လုပ်ငန်းစဉ် စတင်သည့် ဥပဒေကို အာမေးနီးယားသမ္မတ လက်မှတ်ရေးထိုး

News Image

  • ဥရောပသမဂ္ဂအဖွဲ့ ဝင်ရောက်ရေး လုပ်ငန်းစဉ် စတင်သည့် ဥပဒေကို အာမေးနီးယားသမ္မတ လက်မှတ်ရေးထိုး

အာမေးနီးယားက ဥရောပသမဂ္ဂသို့ ဝင်ရောက်မှု လုပ်ငန်းစဉ် စတင်သည့် ဥပဒေတစ်ရပ်ကို အာမေးနီးယားသမ္မတ Vahagn Khachaturyan က လက်မှတ်ရေးထိုးလိုက်ကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်ထား ပါသည်။ 

အာမေးနီးယား ဥပဒေပြုလွှတ်တော်အမတ်များက မတ် ၂၆ ရက်က နိုင်ငံ၏ ဥရောပသမဂ္ဂသို့ ဝင်ရောက်မှု လုပ်ငန်းစဉ် သတ်မှတ်ခြင်း ဆိုင်ရာ ဥပဒေကြမ်းကို ဒုတိယအကြိမ်နှင့်နောက်ဆုံးအကြိမ် အတည်ပြုလိုက် ကြပါသည်။ 

အစောပိုင်းက အာမေးနီးယားဝန်ကြီးချုပ် Nikol Pashinyan က အီးယူ အဖွဲ့ဝင်အဖြစ် ဝင်ရောက်ရန် ဆုံးဖြတ်ရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပရန် လိုအပ်ကြောင်း ထောက်ပြခဲ့ပါသည်။ အာမေးနီးယား နိုင်ငံ ခြားရေးဝန်ကြီး Ararat Mirzoyan က ဥပဒေကြမ်းအတွက် လိုအပ်သည့် မဲလက်မှတ်အရေအတွက်ရရှိမှုအပေါ် အခြေခံကာ ဆောင်ရွက်ထားခြင်း ဖြစ်ကြောင်း ရှင်းပြထားပါသည်။ 

ကိုးကား- TASS

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၃