ထရမ့်သည် ကနေဒါနိုင်ငံတွင်ကျင်းပသည့် G7 အစည်းအဝေးမှ ဝါရှင်တန်သို့ ဆောလျင်စွာပြန်လာမည်
ထရမ့်သည် ကနေဒါနိုင်ငံတွင် ကျင်းပလျက်ရှိသည့် G7 ထိပ်သီးအစည်းအဝေးမှ ဝါရှင်တန်သို့ ဆောလျင်စွာ ပြန်လာမည်ဖြစ်ကြောင်း အိမ်ဖြူတော်မှ ထုတ်ပြန်ပြောကြားခဲ့သည်။
ဆက်လက်ဖြစ်ပွားနေသည့် အရှေ့အလယ်ပိုင်းပြဿနာများကြောင့် သမ္မတထရမ့်သည် G7 ခေါင်းဆောင်များ ညစာစားပွဲအပြီး ပြန်လည်ထွက်ခွာလာမည်ဖြစ်ကြောင်း၊ သမ္မတထရမ့်အနေဖြင့် အရေးကြီးကိစ္စဆိုင်ရာ ဆွေးနွေးပွဲများ တက်ရောက်ရန်ရှိကြောင်း၊ အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသည့် တင်းမာမှုများ မြင့်တက်လာမှုကို ကိုင်တွယ်ဖြေရှင်းရန်အတွက် အိမ်ဖြူတော်တွင် လုပ်ကိုင်ဆောင်ရွက်ဖွယ်ရာများရှိကြောင်း Karoline Leavitt က ဇွန်လ (၁၆) ရက်နေ့ လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။
ကိုးကား - NHK
အလွတ်သဘောဘာသာပြန်သူ- ဦးထက်ထက်အောင်(နစက-၄)
MM-News-Category