ရုရှားအမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုဂူး မြောက်ကိုရီးယားသို့ ရောက်ရှိ

News Image

  • ရုရှားအမျိုးသားလုံခြုံရေးကောင်စီအတွင်းရေးမှူး ဆာဂေးရှိုဂူး မြောက်ကိုရီးယားသို့ ရောက်ရှိ

ပြုံယမ်း ဇွန် ၁၇

ရုရှားသမ္မတပူတင်၏ အထူး ညွှန်ကြားချက်များအရ ထိပ်တန်း သမ္မတအကြံပေး ဆာဂေးရှိုဂူး သည်ယနေ့တွင် မြောက်ကိုရီးယား နိုင်ငံ ပြုံယမ်းမြို့သို့ ရောက်ရှိနေ ကြောင်း ရုရှားမီဒီယာများက သတင်းထုတ်ပြန်ထားသည်။

ပြုံယမ်းခရီးစဉ်အတွင်း သမ္မတ အကြံပေး ဆာဂေးရှိုဂူးအနေဖြင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နှင့် တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားကြောင်း သိရသည်။

ဆာဂေးရှိဂူးအနေဖြင့် ပြီးခဲ့သည့် နှစ် ဇွန်လအတွင်းက ရရှိခဲ့သည့် သဘောတူညီချက်များအကောင် အထည်ဖော်နေမှုများနှင့်ပတ်သက် ၍ မြောက်ကိုရီးယားခေါင်းဆောင် များနှင့်ဆွေးနွေးမည်ဖြစ်ကြောင်း ရုရှားမီဒီယာများက သတင်း ထုတ်ပြန်ထားသည်။

သို့ရာတွင် ရုရှားသမ္မတပူတင် က ဆာဂေးရှိုဂူးကိုပေးလိုက်သည့် အထူးညွှန်ကြားချက်များနှင့် ပတ် သက်၍ ရုရှားမီဒီယာများ၏ သတင်းထုတ်ပြန်ချက်၌ အသေး စိတ်ဖော်ပြထားခြင်း မရှိကြောင်း သိရသည်။

ယနေ့ခရီးစဉ်သည် ရုရှား အမျိုးသားလုံခြုံရေးကောင်စီ အတွင်းရေးမှူးဆာဂေးရှိုဂူးအတွက် သုံးလတာကာလအတွင်း တတိယမြောက် မြောက်ကိုရီးယားခရီးစဉ်ဖြစ်သည်။

ယူကရိန်းပဋိပက္ခဖြစ်ပွားခဲ့ပြီး နောက်ပိုင်း ရုရှားနှင့်မြောက်ကိုရီးယားတို့ကြား စစ်ရေးဆက်ဆံမှုနှင့် နိုင်ငံရေးဆက်ဆံမှုများ ပိုမို အားကောင်းခိုင်မာလာခဲ့ကြောင်း သိရသည်။

Ref: RT

Trs: KKO

YDNB Newspaper