ဂျီ-၇ ထိပ်သီးညီလာခံမပြီးဆုံးမီ သမ္မတဒေါ်နယ်ထရမ့်ထွက်ခွာ

News Image

  • ဂျီ-၇ ထိပ်သီးညီလာခံမပြီးဆုံးမီ သမ္မတဒေါ်နယ်ထရမ့်

ဝါရှင်တန် ဇွန် ၁၇ 
အမေရိကန်သမ္မတ ဒေါ်နယ် ထရမ့်သည် အရှေ့အလယ်ပိုင်း ဒေသ အခြေအနေများကြောင့် ကနေဒါနိုင်ငံ၌ ကျင်းပနေသည့် ဂျီ ၇ ထိပ်သီးညီလာခံမှ တစ်ရက် စော၍ ပြန်လည်ထွက်ခွာသွား ကြောင်း မွန် ၁၆ ရက် သတင်းများ တွင် ရေးသားဖော်ပြထားသည်။

ဂျီ-၇ အုပ်စုထိပ်သီးညီလာခံမှ မထွက်ခွာမီ အစ္စရေးနှင့် အီရန်တို့ ကြားစစ်ရေးတင်းမာမှုများ လျှော့ချရေးအတွက် တောင်းဆိုထား သည့် ဂျီ-၇ထိပ်သီးညီလဲာခံ ပူးတွဲ ကြေညာချက်ကို သဘောတူညီချက် ပေးခဲ့ကြောင်း သိရသည်။

အီရန်နှင့် အစ္စရေးတို့ကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရယူပေးနိုင်ရေးရည်ရွယ်ချက်ဖြင့် ဂျီ-၇ ထိပ်သီးညီလာခံ မပြီးဆုံးမီ တစ်ရက်စော၍ သမ္မတ ဒေါ်နယ်ထရမ့်ထွက်ခွာသွားခြင်း ဖြစ်သည်။
သမ္မတဒေါ်နယ်ထရမ့်ကိုယ်တိုင်သည်လည်း အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်တစ်ရပ်ကို အီရန်နှင့် အစ္စရေးထံ ကမ်းလှမ်းထားသည်ဟု ပြင်သစ်သမ္မတ မက်ခရွန် က ထုတ်ဖော်ပြောကြားထားကြောင်း သိရသည်။

ဇွန် ၁၆ ရက်က ကျင်းပခဲ့သည့် ဂျီ-၇ အုပ်စု ထိပ်သီးညီလာခံတွင် အမေရိကန်၊ ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန် နှင့် ဥရောပသမဂ္ဂခေါင်းဆောင်များ တက်ရောက်ခဲ့ကြသည်။

ကနေဒါနိုင်ငံ ရော့ကီး တောင်တန်းဒေသ ကာနာနာ စကစ်အပန်းဖြေစခန်း၌ ကျင်းပ နေသော ဂျီ-၇ ထိပ်သီးညီလာခံ သည် ယနေ့တွင် ပြီးဆုံးမည်ဖြစ် ကြောင်း သိရသည်။

Ref: Xinhua

Trs: KKO

Photo - Bloomberg