အမေရိကန် - အီရန် ကိုယ်စားလှယ်အဖွဲ့ ဧပြီ ၁၂ ရက် အိုမန်တွင် ဆွေးနွေးမည်          

News Image

  • အမေရိကန် - အီရန် ကိုယ်စားလှယ်အဖွဲ့ ဧပြီ ၁၂ ရက် အိုမန်တွင် ဆွေးနွေးမည်          

အမေရိကန်နှင့် အီရန် ကိုယ်စားလှယ်အဖွဲ့တို့သည် လာမည့် ဧပြီလ ၁၂ ရက်တွင် အိုမန်နိုင်ငံတွင် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က ၎င်း၏ X လူမှုကွန်ရက် တွင် ကြေညာချက်ထုတ်ပြန်ထားပါသည်။ 

အမေရိကန်နှင့် အီရန်တို့သည် လာမည့်စနေနေ့ (ဧပြီ ၁၂) တွင် အဆင့်မြင့် ဆုံးနီးပါးဖြစ်သော တိုက်ရိုက်ဆွေးနွေးမှုများ ပြုလုပ်သွားကြမည်ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဧပြီ ၇ ရက်က ပြောကြားထားပြီး အသေးစိတ်ကို ရှင်းပြခဲ့ခြင်း မရှိချေ။ 

ကိုးကား- TASS