နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင် CITIC Group (Myanmar) ကုမ္ပဏီက စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်

News Image

  • နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီးဌာန(၂)၊ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင် CITIC Group (Myanmar) ကုမ္ပဏီက စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲသို့ တက်ရောက်

CITIC Group (Myanmar) ကုမ္ပဏီက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌရုံးဝန်ကြီး ဌာန (၂) မှ ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများအတွက် စားသောက်ကုန်နှင့် အသုံးအဆောင်ပစ္စည်းများ ပေးအပ်လှူဒါန်းပွဲကို နေပြည်တော်၊ ရုံးအမှတ် (၄၁) တွင် ဧပြီ ၉ ရက်နေ့က ကျင်းပသည်။

အခမ်းအနားတွင် CITIC Group (Myanmar) ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌများ ဖြစ်ကြသည့် Mr. Piao Bo၊ Mr. Ma Chuanfu နှင့် Mr. Zhang Yue တို့က ငလျင်ဘေးဒဏ်သင့်ဝန်ထမ်းများအတွက် စားသောက်ကုန်နှင့် အသုံး အဆောင်ပစ္စည်းများကို လာရောက်ပေးအပ်လှူဒါန်းရာ ပြည်ထောင်စု ဝန်ကြီး ဦးကိုကိုလှိုင်က လက်ခံရယူပြီး ကျေးဇူးတင်စကားပြောကြားသည်။

ထိုသို့လှူဒါန်းရာတွင် ငလျင်ဘေးဒဏ်သင့် ဝန်ထမ်းများအတွက် ဆန် (၁၂ ကီလို) အိတ် ၂၂၀ အိတ်၊ ဆီ (၁ လီတာ) ၂၃၀ ဗူး၊ ရေသန့် (၁ လီတာ) ၃၆၀၀ ဗူး၊ ခြင်ထောင် ၃၀ လုံး၊ ယာယီတဲ ၁၀ လုံး တို့ကို ပေးအပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

ကိုးကား- နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌရုံးဝန်ကြီး ဌာန (၂)