အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးကိုယ်စားလှယ် စတီဗင် ဝှစ်ကော့ဖ်သည် မကြာမီ မော်စကိုသို့ ရောက်ရှိမည်
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးကိုယ်စားလှယ် စတီဗင် ဝှစ်ကော့ဖ်သည် မကြာမီ မော်စကိုသို့ ရောက်ရှိမည်ဟု သမ္မတ ဗလာဒီမာ ပူတင်၏ နိုင်ငံတကာရေးအကြံပေးပုဂ္ဂိုလ် ယူရီဦး ရှာကော့ဗ် က အတည် ပြုခဲ့ပါသည်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အထူးသံတမန် စတီဗင် ဝှစ်ကော့ဖ် သည် ယခုသီတင်းပတ်နှောင်းပိုင်းတွင် ရုရှားနိုင်ငံသို့ သွားရောက်မည် ဖြစ်ကြောင်း ရုရှားအစိုးရက အတည်ပြုပြောကြားခဲ့ပါသည်။
ဝှစ်ကော့ဖ်သည် သမ္မတ ဗလာဒီမာပူတင် အပါအဝင် ရုရှားအရာရှိများနှင့် အကြိမ်ကြိမ်တွေ့ဆုံခဲ့ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ ဒုတိယ သက်တမ်းအတွင်း မော်စကို-ဝါရှင်တန် ပြန်လည်နီးစပ်ရေးတွင် အဓိက အခန်းကဏ္ဍမှ ပါဝင်သူအဖြစ် သတ်မှတ်ခံနေရပါသည်။
ရုရှားနှင့် ယူကရိန်းတပ်ဖွဲ့များအကြား အလုံးစုံအပစ်အခတ်ရပ်စဲရေးကို ဦးတည်နိုင်သည့် ဖြစ်နိုင်ခြေရှိသော တိုးတက်မှုတစ်ရပ်ကို ယခု သီတင်းပတ်တွင် တွေ့မြင်ရနိုင်ကြောင်း အမေရိကန်သမ္မတက အစောပိုင်းက ပြောကြား ခဲ့ပါသည်။
ပြီးခဲ့သည့် ကြာသပတေးနေ့ (ဧပြီ ၁၇) တွင် ဝှစ်ကော့ဖ်အပါအဝင် အမေရိကန် အဆင့်မြင့်ကိုယ်စားလှယ်များသည် ယူကရိန်းအား စစ်ရေးဆိုင်ရာအကူအညီကို ဆက်လက်ထောက်ခံရန် ထောက်ခံအားပေးနေကြသော ဥရောပအရာရှိများအား ယူကရိန်း ကိုယ်စားလှယ်များနှင့်အတူ တွေ့ဆုံခဲ့ပြီး ပဋိပက္ခဖြေရှင်းရန် ရွေးချယ်စရာများကို ဆွေးနွေးခဲ့ပါသည်။ ယူကရိန်းဘက်မှ တုံ့ပြန်မှုများအား ယခုသီတင်းပတ်အတွင်း မျှော်လင့်ထားကြောင်း အကြမ်းဖျင်းပြောကြားခဲ့သည်ဟု သိရှိရပါသည်။
ကိုးကား - RT