အင်ဒိုနီးရှားသမ္မတ ရုရှားသို့ သွားရောက်၍ ဗလာဒီမာပူတင်နှင့် တွေ့ဆုံမည်
အင်ဒိုနီးရှားသမ္မတ ပရာဘိုဝါ ဆူဘီယန်တိုသည် ယခုဩဂုတ်လအတွင်း ရုရှားသို့ တရားဝင်ခရီးစဉ် သွားရောက်မည်ဖြစ်ပြီး ရုရှားသမ္မတ ဗလာဒီမာ ပူတင်နှင့် တွေ့ဆုံ၍ နှစ်နိုင်ငံအကြား ရှိရင်းစွဲ ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန် ဆွေးနွေးမည်ဖြစ်ကြောင်း သိရပါသည်။
ထိုခရီးစဉ်မှာ အင်ဒိုနီးရှားသမ္မတ ပရာဘိုဝါ ဆူဘီယန်တိုက ၎င်း၏ သမ္မတ ရာထူးစတင်တာဝန်ယူချိန်မှစ၍ ရုရှားသို့ ပထမဆုံးအကြိမ်အဖြစ် သွားရောက်မည့်ခရီးစဉ်လည်း ဖြစ်ပါသည်။
အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇွန် ၁၈ မှ ၂၀ ရက်အတွင်း ပရာဘိုဝါ၏ ခရီးစဉ်အတွင်း ခေါင်းဆောင်နှစ်ဦးသည်နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရန်နှင့် ကမ္ဘာ့နှင့် ဒေသတွင်း အရေးကိစ္စများအပေါ် အမြင်များဖလှယ်ရန် ဆွေးနွေးမည်ဟု ကြာသပတေးနေ့ (ဇွန် ၁၂) က အတည်ပြုပြောကြားထားပါသည်။
ထို့ပြင် ပရာဘိုဝါသည် စိန့်ပီတာစဘတ် အပြည်ပြည်ဆိုင်ရာ စီးပွားရေး ဖိုရမ်သို့လည်း တက်ရောက်ရန် စီစဉ်ထားပါသည်။ ၎င်းသည် သမ္မတ ရာထူး စတင်တာဝန်ယူချိန်ကတည်းက ရုရှားအကြံပေး Sergei Shoigu အပါ အဝင် ရုရှားအရာရှိကြီးများနှင့် အကြိမ်ကြိမ်တွေ့ဆုံဖူးပါသည်။ ပရာဘိုဝါ သည် ယမန်နှစ် ဇူလိုင်က သမ္မတရွေးကောက်ပွဲတွင် အနိုင်ရပြီးနောက် ဗလာဒီမာပူတင်နှင့် နောက်ဆုံးတွေ့ဆုံထားပါသည်။
ကိုးကား- Bloomberg
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃