ရုရှားနှင့်ယူကရိန်းတို့က နောက်တစ်ကြိမ်အဖြစ် အကျဉ်းသားများကိုအပြန်အလှန်လဲလှယ်
မော်စကို၊ ငြိမ်းချမ်းရေး
ရုရှားနှင့်ယူကရိန်းနိုင်ငံတို့က ဇွန်လ ၁၄ ရက်တွင် နောက်တစ်ကြိမ်အဖြစ် အကျဉ်းသားများကို အပြန်အလှန်လဲလှယ်မှု ပြုလုပ်ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနကထုတ်ပြန်ထားသည်။
ယခုကဲ့သို့အကျဉ်းသားများလဲလှယ်မှု သည် အစ္စတန်ဘူမြို့၌ ဇွန်လ ၂ ရက်တွင် လုပ်ဆောင်သော ရုရှား-ယူကရိန်းမျက်နှာ ချင်းဆိုင်ဆွေးနွေးမှု၏ ရလဒ်တစ်ခုဖြစ် သည်။ အဆိုပါဆွေးနွေးပွဲတွင် ဒဏ်ရာ အပြင်းအထန်ရရှိထားသူများ၊ ကျန်းမာ ရေးမကောင်းသူများနှင့် လူငယ်များကို အဓိကထား၍ အပြန်အလှန်လဲလှယ်ရန်သဘောတူညီမှုရရှိခဲ့ခြင်းဖြစ်သည်။
ထိုသဘောတူညီမှုအပြင် ကရုရှားနိုင်ငံလူသားချင်းစာနာထောက်ထားမှုကို အကြောင်းပြု၍ ကျဆုံးသွားသောယူကရိန်း စစ်သည် ၆၀၀၀ ကျော်၏ရုပ်အလောင်း များကိုပါ လွှဲပြောင်းပေးမည်ဖြစ်သည်။
ယခုအကျဉ်းသားများလဲလှယ်မှုကို ဇွန်လ ၁၄ ရက်နံနက်အစောပိုင်းတွင်လုပ် ဆောင်ခြင်းဖြစ်ကြောင်း၊ ယူကရိန်းထိန်း ချုပ်ထားသောနယ်မြေအတွင်းမှ ရုရှား စစ်သည်နောက်တစ်သုတ်သည် အိမ်သို့ ပြန်လာပြီဖြစ်ကြောင်းနှင့် အရေအတွက် ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။
Ref: RT
Photo - Sky News