G7 တွင် ဘရာဇီးသမ္မတနှင့် တွေ့ဆုံရန် ဇီလန်စကီး တောင်းဆို
ယူကရိန်းသမ္မတ ဇီလန်စကီးသည် ဇွန် ၁၅ မှ ၁၇ ရက်အထိ ကနေဒါနိုင်ငံ အယ်လ်ဘာတာပြည်နယ်တွင် ကျင်းပမည့် G7 ထိပ်သီးအစည်းအဝေးအတွင်း ဘရာဇီးသမ္မတ လူအစ် အိုင်နာစီယို လူလာဒါဆီလဗာနှင့်တွေ့ဆုံရန် တောင်းဆိုထားကြောင်း ဘရာဇီးအစိုးရ၏ အရင်းအမြစ်များကို ကိုးကား၍ GloboNews ရုပ်သံလိုင်းက ဖော်ပြခဲ့ပါသည်။
ဘရာဇီးသမ္မတအနေဖြင့် ဇီလန်စကီးနှင့် တွေ့ဆုံရန် သဘောတူခဲ့ခြင်း ရှိ၊ မရှိ အတိအကျ ဖော်ပြခြင်းမရှိသော်လည်း ယူကရိန်းဘက်မှ တွေ့ဆုံရန် တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြောင်း အရင်းအမြစ်များက အတည်ပြုခဲ့ကြ ပါသည်။
ဇွန်လမတိုင်မီက Metropoles သတင်းစာတွင် ဇီလန်စကီးသည် တစ်နှစ်ခွဲကျော်ကြာ လူလာ ဒါ ဆီလဗာထံသို့ တွေ့ဆုံရန် တောင်းဆိုသည့် စာများ ပေးပို့ခဲ့သော်လည်း ၎င်းထံမှ အကြောင်းပြန်ချက် တစ်စုံတစ်ရာ မရရှိခဲ့ကြောင်း ဖော်ပြခဲ့ပါသည်။
ကိုးကား- TASS
ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃