တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် စုပေါင်းသန့်ရှင်းရေးပြုလုပ်
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် ပြည်သူ့ဆေးရုံကြီးဝန်းအတွင်း သန့်ရှင်းသာယာလှပရေးအတွက် တံတားဦးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့်ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ တံတားဦး မြို့စီမံအုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဝန်ထမ်းများပူးပေါင်းပြီး ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးကို ဧပြီ ၂၄ ရက်၊ နံနက် (၇) နာရီက အဆိုပါပြည်သူ့ဆေးရုံကြီး၌ ဆောင်ရွက်ကြကြောင်း သိရသည် ။
အဆိုပါ စုပေါင်းသန့်ရှင်းရေးပြုလုပ်ရာသို့ တံတားဦးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် တာဝန်ရှိသူများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်ဦးနှင့် တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဝန်ထမ်းများ၊ မြို့မရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ဆေးရုံမှဝန်ထမ်းများနှင့်အတူ ပြည်သူ့ဆေးရုံကြီးဝန်းအတွင်းရှိ ချုံနွယ်များ၊ ပေါင်းပင်၊ မြက်ပင်များခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်သရိုက်များ ရှင်းလင်းခြင်းတို့ကို စုပေါင်းဆောင်ရွက်ကြပြီး ထွက်ရှိလာသော အမှိုက်သရိုက်များနှင့် ချုံနွယ်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင် အမှိုက်သိမ်းယာဉ်ဖြင့် စနစ်တကျစွန့်ပစ်ကြသည်။ စုစုပေါင်းသန့်ရှင်းဆောင်ရွက်ရာသို့ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုအားပေးကြပြီး လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနဆိုင်ရာများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။ အဆိုပါ သန့်ရှင်းရေးပြုလုပ်ခြင်းကို မြို့နယ်အဆင့် ဝန်ထမ်းများနှင့် လူမှုရေးအဖွဲ့ဝင်များ စုစုပေါင်းအင်အား(၂၂၀)ဦး တက်ရောက်ဆောင်ရွက်ကြကြောင်းသိရသည် ။
ပေးပို့သူ- ဦးရဲတင့်( ပြန်/ဆက်)