ပါမောက္ခချုပ်ဆရာတော်ကြီးမှ အောင်မြေသာစည် အလယ်တိုက်ကြီးပြုပြင်ရန် အလှူငွေကျပ်သိန်း (၁၀၀)လှူဒါန်း

News Image

  • ပါမောက္ခချုပ်ဆရာတော်ကြီးမှ အောင်မြေသာစည်အလယ်တိုက်ကြီးပြုပြင်ရန် အလှူငွေကျပ်သိန်း (၁၀၀)လှူဒါန်း

ပါမောက္ခချုပ်ဆရာတော်ကြီးသည် မန္တလေးငလျင်ကြီးဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် အောင်မြေသာစည်အလယ်တိုက်ကြီးပြုပြင်ရန် အလှူငွေကျပ်သိန်း(၁၀၀)လှူဒါန်းခဲ့သည်။

ပါမောက္ခချုပ်ဆရာတော်ကြီးနှင့် ဝိဇ္ဇာလင်္ကာရဆရာတော်ကြီး၊ အဝေရာရာမရန်ကင်းဆရာတော်ကြီးတို့သည် မန္တလေးမြို့ရှိ မဟာဝိသုဒ္ဓါရုံတိုက်သစ်သို့ ကြွရောက်တော်မူခဲ့ကြပြီး ပါမောက္ခချုပ်ဆရာတော်ကြီးမှ မဟာဝိသုဒ္ဓါရုံတိုက်သစ်အတွင်း ငလျင်ဒဏ်ကြောင့်ထိခိုက်ခဲ့သည့် စံကျောင်းပိဋကတ်တိုက်ကြီးကို ရှေးမူမပျက်ပြန်လည်ပြုပြင်ရန် သြဝါဒပေးတော်မူခဲ့သည်။

ထို့နောက် ပါမောက္ခချုပ်ဆရာတော်ကြီးမှ ကြွရောက်လာသည့် ဆရာတော်များနှင့် မဟာဝိသုဒ္ဓါရုံတိုက်သစ်နာယက ဆရာတော်တို့အား သင်္ကန်းနှင့် နဝကမ္မအလှူငွေ(၁)သိန်းကျပ်စီလှူဒါန်းတော်မူခဲ့သည်။

Source: Popular Myanmar