ကိုရီ-၁ နျူကလီးယားစက်ရုံကိုဖျက်သိမ်းရန် တောင်ကိုရီးယားစီစဉ်

News Image

  • ကိုရီ-၁ နျူကလီးယားစက်ရုံကိုဖျက်သိမ်းရန် တောင်ကိုရီးယားစီစဉ်

ဆိုးလ် ဇွန် ၂၆

တောင်ကိုရီးယား နျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အား ပေးစက်ရုံတစ်ရုံအား ပထမဆုံး အကြိမ်အဖြစ် ဖျက်သိမ်းခွင့်ပေးရန် တောင်ကိုရီးယားအစိုးရ နျူကလီးယားဘေးကင်းလုံခြုံရေးကော်မရှင်က ယနေ့တွင် အတည်ပြုချက်ပေး ခဲ့ကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံသည် ကိုရီ ၁ အမည်ရှိ နျူကလီးယားစွမ်းအင်သုံးလျှပ်စစ်ဓာတ်အားပေး စက်ရုံကိုဖျက်သိမ်းရန် စီစဉ်ထားသည်။

တောင်ကိုရီးယား နိုင်ငံသည် ကိုရီ-၁ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ၃၉ နှစ်ကြာ လုပ်ငန်းလည်ပတ်ခဲ့ပြီး နောက် ၂၀၁၇ ခုနှစ်တွင် လုပ်ငန်း လည်ပတ်မှုအမြဲတမ်းရပ်နားထား ခဲ့ပြီးဖြစ်သည်။

လက်ရှိအချိန်တွင် အဆိုပါစက်ရုံကို အပြီးတိုင် ဖျက်သိမ်းခွင့်ပေးရန် တောင်ကိုရီးယားအစိုးရ နျူကလီးယား ဘေးကင်းလုံခြုံမှုကော်မရှင်က အတည်ပြုချက်ပေး ခဲ့ပြီးဖြစ်ကြောင်းတောင်ကိုရီးယား မီဒီယာများက သတင်းထုတ်ပြန် ထားသည်။

ကိုရီ-၁ နျူကလီးယားစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ သည်ဖျက်သိမ်းခံရသည့် ပထမဆုံး တောင်ကိုရီးယား နျူကလီးယားအဆောက်အအုံဖြစ်လာလိမ့်မည် ဖြစ်သည်။

ကိုရီ- ၁နျူကလီးယားစွမ်းအင် သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံဟောင်းကို ဖျက်သိမ်းရေးအတွက် အချိန် ၁၂ နှစ် ကြာမြင့်မည်ဖြစ်ပြီး ကုန်ကျစရိတ် ဝမ်ငွေ ၁ ဒသမ ၁ ထရီလီယံ (အမေရိကန်ဒေါ်လာ သန်း ၈၁၀)ထိ ကုန်ကျမည်ဖြစ် ကြောင်း သိရသည်။

Ref : Xinhua

 YDNB Newspaper

Photo - Korea Herald