အရှေ့ဘက်ကမ်းရိုးတန်းဒေသ၌ ခရီးသွားနယ်မြေသစ် တည်ဆောက်မှုလုပ်ငန်း မြောက်ကိုရီးယားအပြီးသတ်

News Image

  • N Korea

ပြုံယမ်း ဇွန် ၂၆

အရှေ့ဘက်ကမ်းရိုးတန်းဒေသ၌ ခရီးသွားနယ်မြေသစ်တည်ဆောက်ရေးလုပ်ငန်းပြီးဆုံးခဲ့ပြီဖြစ်ကြောင်း မြောက်ကိုရီးယားအစိုးရပိုင် ကေစီအင်န်သတင်းဌာနက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

ဝန်ဆန်ကယ်လ်မာကမ်းခြေ ခရီးသွားနယ်မြေအမည်ရှိ အဆိုပါ ခရီးသွား နယ်မြေသစ်ဖွင့်ပွဲကို ဇွန် ၂၅ ရက်တွင် ကျင်းပခဲ့ရာ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ကိုယ်တိုင်တက်ရောက်ခဲ့သည်။

မြောက်ကိုရီးယားနိုင်ငံအနေဖြင့် အရွယ်အစားကြီးမားသော ခရီးသွားနယ်မြေများ ဆက်လက်တည်ဆောက်မည် ဖြစ်ကြောင်း မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်က ဝန်ဆန်ကယ်လ်မာ ကမ်းခြေခရီးသွားနယ်မြေဖွင့်ပွဲ၌ ပြောကြားခဲ့သည်။

ဝန်ဆန်ကယ်လ်မာကမ်းခြေ ခရီးသွားနယ်မြေသည် ခရီးသွား ဧည့်သည်၂၀၀၀၀ခန့်ကို ဝန်ဆောင် မှုပေးနိုင်ကြောင်း သိရသည်။

ဝန်ဆန်ကယ်လ်မာကမ်းခြေ အပန်းဖြေစခန်းကို ပြည်တွင်းခရီးသွားဧည့်သည်များအတွက် ဇူလိုင် ၁ရက်တွင်စဖွင့်ပေးမည်ဖြစ်ကြောင်း ကေစီအင်န်အေ သတင်းဌာနက သတင်းထုတ်ပြန်ထားသည်။ 
မြောက်ကိုရီးယားနိုင်ငံသည် အရှေ့ဘက် ကမ်းရိုးတန်းဒေသမြို့တော်ဖြစ်သည့် ဝန်ဆန်မြို့ကို ကမ္ဘာလှည့် ခရီးသွားနယ်မြေ အဖြစ် ပြောင်းလဲတည်ဆောက်လျက်ရှိကြောင်း သိရသည်။

Ref: RT

Trs: KKO

YDNB Newspaper