ကမ္ဘာ့ကိုကင်းဈေးကွက် စံချိန်တင်မြင့်မားလာဟု ကုလသမဂ္ဂ ထုတ်ပြန်
ကမ္ဘာပေါ်တွင် ကိုကင်းဈေးကွက်သည် စံချိန်တင်မြင့်မားလာကြောင်း၊ ကိုကင်းထုတ်လုပ်မှု၊ ဖမ်းဆီးရမိမှုနှင့် အသုံးပြုမှု တို့သည်လည်း အလွန်မြင့်မားလာကြောင်း ကုလသမဂ္ဂက ဇွန်လ ၂၆ ရက်တွင် ထုတ်ပြန်ထားသည်။
၂၀၂၃ ခုနှစ်တွင် ကိုကင်းထုတ်လုပ်မှုသည် ၃၇၀၈ တန်ရှိသောကြောင့် ၂၀၂၂ ခုနှစ်အတွင်း ထုတ်လုပ်မှုထက် ၃၄ ရာခိုင်နှုန်းနီးပါး မြင့်တက်လာကြောင်း ကုလသမဂ္ဂ၏ မူးယစ်ဆေးဝါးနှင့်ရာဇဝတ်မှုရုံးက ထုတ်ပြန်သော နှစ်ပတ်လည်အစီရင်ခံစာ တွင်ဖော်ပြထားသည်။
ယခုကဲ့သို့ ကိုကင်းထုတ်လုပ်မှုများ မြင့်မားလာခြင်းသည် ကိုလံဘီယာနိုင်ငံ၌ ကိုကာပင်များ တိုးချဲ့စိုက်ပျိုးသည့်ဧရိယာမြင့်တက်လာခြင်းကြောင့် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။
ထို့အတူ ၂၀၂၃ ခုနှစ်အတွင်း ကိုကင်းသိမ်းဆည်း ရမိမှုပမာဏသည် ၂၂၇၅ တန်အထိရှိသောကြောင့် ယမန်နှစ်ကထက် ၆၈ ရာခိုင်နှုန်းမြင့်တက်လာကာ ကိုကင်း အသုံးပြုသူ အရေအတွက်မှာလည်း ၂၀၁၃ ခုနှစ်တွင် ၁၇ သန်းသာရှိရာမှ ၂၀၂၃ ခုနှစ် တွင် ၂၅ သန်းအထိ မြင့်တက်လာကြောင်း သိရသည်။
MWD Web Portal