ရုရှားစစ်ဗိုလ်ချုပ်ကြီးကို သတ်ဖြတ်ခဲ့သည်ဟု သံသယရှိသူကို အချုပ် တစ်လ ချမှတ်

News Image

  • ရုရှားစစ်ဗိုလ်ချုပ်ကြီးကို သတ်ဖြတ်ခဲ့သည်ဟု သံသယရှိသူကို အချုပ် တစ်လ ချမှတ်

ရုရှားဗဟိုစစ်ဌာနချုပ်မှ ဒုတိယဗိုလ်ချုပ်ကြီး Yaroslav Moskalik ကို ဗုံးခွဲသတ်ဖြတ်ခဲ့သည်ဟု သံသယရှိသူ Ignat Kuzin ကို မော်စကိုရှိ တရားရုံးက ပဏာမစုံစမ်းစစ်ဆေးရေးအဖွဲ့၏ အဆိုကို ထောက်ခံခဲ့ပြီး တစ်လကြာ ချုပ်နှောင်ထားရန် ဆုံးဖြတ်လိုက်သည်ဟု တရားရုံး သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားထားပါသည်။

Ignat Kuzin သည် ယူကရိန်းနိုင်ငံတွင် နေထိုင်ခွင့်ရရှိသူဖြစ်ပြီး ယူကရိန်း လုံခြုံရေးဝန်ဆောင်မှု (SBU) က ငှားရမ်းထားသူဟု ရုရှားအာဏာပိုင်များက ပြောကြားထားပါသည်။

Kuzin ကို ရုရှားနိုင်ငံ၏ ရာဇသတ်ပုဒ်မ ၂၀၅ (အကြမ်းဖက်မှု)၊ ပုဒ်မ ၂၂၂ ပုဒ်မခွဲ ၂ (တရားမဝင်လက်နက်ကို လက်ဝယ်ထားရှိမှု) နှင့် ပုဒ်မ ၂၂၃ ပုဒ်မခွဲ ၂ (ဗုံးပြုလုပ်မှု) တို့ဖြင့် စွဲချက်တင်ခဲ့ပြီး မော်စကိုရှိ Basmanny ခရိုင်တရားရုံးက ၎င်းကို တစ်လကြာ အချုပ်ထားရန် ဆုံးဖြတ်လိုက်ပါသည်။

Kuzin သည် ၎င်း ကျူးလွန်ခဲ့မှုကို ဝန်ခံခဲ့ပြီး ယခုအကြမ်းဖက် လုပ်ဆောင်မှု အတွက် ဝန်ဆောင်ခအဖြစ် ဒေါ်လာ ၁၈၀၀၀ ရရှိမည်ဟုလည်း ထွက်ဆိုထားပါသည်။

ကိုးကား- TASS   

Photo: Russian General

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃