အီရန်၏နျူကလီးယား အခြေခံအဆောက်အအုံများအားလုံးကို ဖျက်သိမ်းပစ်ရန် အစ္စရေးဝန်ကြီးချုပ်တောင်းဆို
အီရန်၏ နျူကလီးယားအခြေခံအဆောက်အအုံများ အားလုံးကို ဖျက်သိမ်းပစ်ရန် အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထပ်မံတောင်းဆိုခဲ့သည်ဟု သိရ ပါသည်။
အမေရိကန်နှင့်အီရန်တို့သည် အီရန်၏နျူကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ဆွေးနွေးမှုများ လုပ်ဆောင်နေချိန်တွင် နေတန်ရာဟု၏ တောင်းဆိုချက်များ ထွက်ပေါ်လာခြင်းဖြစ်ပါသည်။ အမေရိကန်နှင့် အီရန်တို့သည် အီရန်၏နျူကလီးယားအစီအစဉ်နှင့်ပတ်သက်ပြီး ဆွေးနွေးမှုများကို သုံးကြိမ်လုပ်ဆောင်ခဲ့ပြီး အဆိုပါဆွေးနွေးမှုများကို အိုမန်နိုင်ငံက ကြားဝင်စေ့စပ်ပေးခဲ့ခြင်းဖြစ်ကြောင်းလည်း သိရပါသည်။ သို့သော် အီရန်၏ ငြိမ်းချမ်းသည့် နျူကလီးယားစွမ်းအင်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စွမ်းရည်များကို ဆက်လက်ထိန်းသိမ်းမည်ဖြစ်သည်ဟု အိုမန်နိုင်ငံက ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် အီရန်၏နျူကလီးယားအခြေခံ အဆောက်အအုံများ အားလုံးကို ဖျက်သိမ်းပစ်ရန် နေတန်ရာဟုက တောင်းဆိုခဲ့ခြင်းလည်း ဖြစ်ပါသည်။
ထို့အပြင် အီရန်ကို နျူကလီးယားလက်နက်မရရှိစေရန် လုပ်ဆောင်သွားမည် ဟု အစ္စရေးအစိုးရဘက်က ကာလရှည်ကြာကတိပြု ပြောဆိုခဲ့ခြင်းလည်းဖြစ်ပါသည်။ သို့သော်လည်း အီရန်၏နိုင်ငံခြားရေးမူဝါဒ သို့မဟုတ် လမ်းကြောင်းကို ဖျက်ဆီးပစ်ရန် ကြိုးပမ်းမှုများအားလုံးကို တားဆီးနိုင်မည်ဟု အီရန်ကယုံကြည်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီး အာဘတ်စ် အာဂရာချီက ပြောကြားခဲ့ပါသည်။
ကိုးကား-NP News