ပြန်လည်ထူထောင်ရေးကာလ လားရှိုးမြို့အခြေအနေ

News Image

  • ပြန်လည်ထူထောင်ရေးကာလ လားရှိုးမြို့အခြေအနေ

တိုက်ပွဲများငြိမ်သက်အေးချမ်းသွားပြီဖြစ်သည့် လားရှိုးမြို့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို သက်ဆိုင်ရာဌာနဝန်ထမ်းများက ဝိုင်ဝန်းဆောင်ရွက်လျက်ရှိနေသည်ကို တွေ့ရကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက ပြောသည်။

ယနေ့ မေ(၆) ရက်၌ လားရှိုးမြို့ ကန်မိန်းကျောင်းရှေ့နှင့် မြို့ပတ်လမ်းရှိ အမှိုက်ပုံကြီးအား စည်ပင်သာယာ‌ရေးဝန်ထမ်းများ ရှင်းလင်းဖယ်ရှားမှုများ ဆောင်ရွက်ပြီးစီးပြီဖြစ်သည်ဟု ၎င်းကဆိုသည်။

ထို့ပြင် မြို့တွင်းရေပေးဝေရေးများလုပ်ဆောင်ရန် ရေကန်တောင်မှတဆင့် ရေပိုက်လိုင်းများ ပြန်လည်ပြုပြင်သွယ်တန်းလျက်ရှိကြောင်း ဆိုသည်။

လက်ရှိတွင် လားရှိုးမြို့အတွင်း လျှက်စစ်မီးမရရှိသေးဘဲ မကြာမီရရှိရန် လျှပ်စစ်ဝန်ထမ်းများ လုပ်ဆောင်နေသည်ကို တွေ့ရကြောင်းနှင့် ဖုန်းလိုင်းများအနေဖြင့် MPT မှ လွဲ၍ အခြားအော်ပရေတာများ ရရှိကြောင်း သိရသည်။

လားရှိုးမြို့ပြန်လည်ထူထောင်ရေးကာလအတွင်း ညပိုင်းအချိန်များ၌ အုပ်စုလိုက်ခိုးယူခြင်းများရှိနေသေးကြောင်းနှင့် ရဲတပ်ဖွဲ့က နေ့ကင်း ညကင်းလှည့်ခြင်းများ ဆောင်ရွက်ကာ မြို့တွင်းလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်ဟု ဆိုသည်။

Source: Popular Myanmar