ယူကရိန်းတပ်မတော်မှ ကြည်းတပ် ဦးစီးချုပ် ရာထူးမှ နုတ်ထွက်

News Image

  • ယူကရိန်းတပ်မတော်မှ ကြည်းတပ် ဦးစီးချုပ် ရာထူးမှ နုတ်ထွက်

ယူကရိန်းနိုင်ငံ၏ ကြည်းတပ် ဦးစီးချုပ် Mikhail Drapaty သည် ယူကရိန်းတပ်မတော် လေ့ကျင့်ရေးစခန်းတစ်ခုတွင် ပစ်ခတ်တိုက်ခိုက်ခံရမှုများကြောင့် ယူကရိန်းစစ်သည်များ သေဆုံးမှုအတွက် တာဝန်ယူကာ ရာထူးမှနုတ်ထွက်သွားကြောင်း သိရှိရပါသည်။

ယူကရိန်းရုပ်သံ Suspilne ၏ ဖော်ပြချက်အရ တနင်္ဂနွေနေ့ (ဇွန် ၁) က ရုရှား၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ယူကရိန်းစစ်သည် အနည်းဆုံး ၁၂ ဦး သေဆုံးပြီး ၆၀ ခန့် ဒဏ်ရာရရှိခဲ့သည်။ ယူကရိန်းအစိုးရက တည်နေရာ အသေးစိတ်ကို ထုတ်ဖော်မပြောသော်လည်း Suspilne ၏ အရင်းအမြစ်များအရ ၎င်းသည် Dnepropetrovsk ဒေသရှိ Novomoskovsky စစ်လေ့ကျင့်ရေးစခန်းနှင့် နီးစပ်သည့်နေရာဖြစ်နိုင်ကြောင်း သိရသည်။

ရုရှားကာကွယ်ရေးဝန်ကြီးဌာနက တနင်္ဂနွေနေ့ (ဇွန် ၁) တွင် Novomoskovsky လေ့ကျင့်ရေးစခန်း အနီးရှိ အဆောက်အဦတစ်ခုကို ပစ်မှတ်ထား တိုက်ခိုက် ခဲ့ကြောင်း အတည်ပြုခဲ့ပြီး ယူကရိန်းတပ်မတော်၏ 158th နှင့် 33rd Separate Mechanized Brigade (SMB) တို့ကို ပစ်မှတ်ထားတိုက်ခိုက် ခဲ့ခြင်းဖြစ်သည်။

ဦးစီးချုပ် Drapaty က စနေနေ့ (မေ ၃၁) က လူမှုကွန်ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် “မိမိသည် ယူကရိန်းတပ်မတော် (AFU) ၏ ကြည်းတပ် ဦးစီးချုပ် ရာထူးမှ နုတ်ထွက်ရန်အတွက် အစီရင်ခံစာ တင်သွင်းရန် ဆုံးဖြတ်ခဲ့ပါသည်။ ၂၃၉ လေ့ကျင့်ရေးစခန်းတွင် ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်ကြောင့် မိမိတို့၏ စစ်သည်များ အသက်ဆုံးရှုံးမှုအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုအဖြစ် မိမိ၏ သဘောဆန္ဒအရ ဤဆုံးဖြတ်ချက်ကို ချမှတ်ခြင်းဖြစ်သည်” ဟု ရေးသားခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂