ဒေါ်နယ်ထရမ့်နှင့် ရှီကျင့်ဖျင် APEC အစည်းအဝေးမတိုင်မီ သို့မဟုတ် အစည်းအဝေးကာလအတွင်း တွေ့ဆုံနိုင်ဖွယ်ရှိ

News Image

  • ဒေါ်နယ်ထရမ့်နှင့် ရှီကျင့်ဖျင် APEC အစည်းအဝေးမတိုင်မီ သို့မဟုတ် အစည်းအဝေးကာလအတွင်း တွေ့ဆုံနိုင်ဖွယ်ရှိ

“အမေရိကန်နှင့် တရုတ်တို့၏ သမ္မတများဖြစ်ကြသည့် ဒေါ်နယ်ထရမ့် နှင့် ရှီကျင့်ဖျင်တို့သည် တောင်ကိုရီးယားတွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး (APEC) ထိပ်သီးအစည်းအဝေး မတိုင်ခင် သို့မဟုတ် အဆိုပါအစည်းအဝေးကာလအတွင်းမှာ တွေ့ဆုံနိုင်သည်” ဟု South China Morning Post (SCMP) သတင်းစာက ပြောကြားထား ပါသည်။

တောင်ကိုရီးယားတွင် ကျင်းပမည့် အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်း ဆောင်ရွက်ရေး (APEC) ထိပ်သီးအစည်းအဝေးမှာ ယခုနှစ်အတွင်းရှီကျင့်ဖျင်နှင့် ဒေါ်နယ်ထရမ့်တို့ လူချင်းတွေ့ဆုံရန် အကောင်းဆုံး အခွင့်အရေးဖြစ်နိုင်သည်ဟု သတင်းရင်းမြစ်များက ဆိုထားပါသည်။ 

အောက်တိုဘာ ၃၀ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ကျင်းပမည့် အဆိုပါ ထိပ်သီးအစည်းအဝေးသို့ မသွားမီ အမေရိကန်ခေါင်းဆောင်သည်တရုတ်နိုင်ငံသို့ သွားရောက်ဖွယ်ရှိကြောင်း သတင်းရင်းမြစ်များက ဆိုထား ပါသည်။ ထို့အပြင် ခေါင်းဆောင်နှစ်ဦးသည် အစည်းအဝေးပြင်ပတွင် တွေ့ဆုံ နိုင်သည်ဟု သတင်းစာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- TASS

ဘာသာပြန်ဆိုသူ- ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃