ဥရောပကောင်စီ ဥက္ကဋ္ဌနှင့် ဥရောပကော်မရှင် ဥက္ကဋ္ဌ တို့ တရုတ်နိုင်ငံသို့ ခရီးစဉ်လာရောက်ပြီး ၂၅ ကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ ခေါင်းဆောင်များ အစည်းအဝေးကျင်းပမည်
တရုတ်-ဥရောပသမဂ္ဂ နှစ်ဖက်ဆွေးနွေးမှုအရ ဥရောပကောင်စီ ဥက္ကဋ္ဌ António Costa၊ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen တို့သည် ဇူလိုင် ၂၄ ရက်တွင် တရုတ်နိုင်ငံသို့ ခရီးစဉ် လာရောက်မည် ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖျင် သည် ဥရောပကောင်စီ ဥက္ကဋ္ဌ António Costa၊ ဥရောပ ကော်မရှင်ဥက္ကဋ္ဌ Ursula von der Leyen တို့နှင့် တွေ့ဆုံသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝန်ကြီးချုပ် လီချန်က ဥရောပသမဂ္ဂ ဥက္ကဋ္ဌ နှစ်ဦးနှင့်အတူ ၂၅ ကြိမ်မြောက် တရုတ်-ဥရောပသမဂ္ဂ ခေါင်းဆောင်များ အစည်းအဝေးကို ကြီးမှူး၍ ကျင်းပသွားမည်ဖြစ်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၂၁ ရက်တွင် ကြေညာခဲ့သည်။
ကိုးကား- ဆင်ဟွာ
Photo: The Asia Today
MM-News-Category