အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်၌ ရေကြီးမှုကြောင့် လူဦးရေငါးသိန်းကျော် ရေဘေးဒုက္ခသင့်

News Image

  • အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်၌ ရေကြီးမှုကြောင့် လူဦးရေငါးသိန်းကျော် ရေဘေးဒုက္ခသင့်

အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်းရှိ အာသံပြည်နယ်၌ လက်ရှိဖြစ်ပွားနေသော ရေကြီးမှုအတွင်း လူဦးရေငါးသိန်းကျော် ရေဘေးဒုက္ခသင့်လျက်ရှိကြောင်း တာဝန်ရှိသူများ က ဇွန်လ ၃ ရက်တွင် ထုတ်ပြန်ထားသည်။

ပြည်နယ်အတွင်းရှိ ခရိုင် ၂၂ ခု၌ဖြစ်ပွား နေသော ရေကြီးမှုသည် ဆက်လက်မြင့်တက်နေဆဲဖြစ်ကြောင်း၊ ပြီးခဲ့သည့် ၂၄  နာရီအတွင်း လူတစ်ဦးသေဆုံးပြီး နှစ်ဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မေလ ၃၁ ရက်တွင် ရေကြီးမှုကြောင့် လူသုံးဦးသေဆုံးပြီး မိုးများသည်းထန်စွာ ရွာသွန်းရာမှ မြေပြိုမှုဖြစ်ပွားခြင်းကြောင့် လူငါးဦးသေဆုံးကြောင်း၊ ဇွန်လ ၁ ရက် တွင် လူ ၁၀ ဦးသေဆုံးကြောင်း၊ ထို့ကြောင့် ရေကြီးမှု ဖြစ်ပွားသည့် ကာလအတွင်း သေဆုံးသူ စုစုပေါင်း အယောက် ၄၀ ကျော် ရှိလာပြီဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။

အလားတူ ရေကြီးမှုကြောင့် ကျေးရွာ ပေါင်း ၁၂၅၄ ရွာမှာ ရေလွှမ်းမိုးမှုကိုခံစားရကာ လယ်မြေဟက်တာပေါင်း ၁၃၀၀၀ နီးပါးမှာပျက်စီးသွားကြောင်း တာဝန်ရှိသူ များကပြောသည်။

ထို့ကြောင့် ပြည်နယ်အစိုးရအနေဖြင့် ကယ်ဆယ်ရေးစခန်း ၁၆၅ ခု၊ ကယ်ဆယ် ထောက်ပံ့ရေးစခန်း ၁၅၇ ခုတို့ကိုဖွင့်လှစ်ကာ ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆောင်ရွက်နေကြောင်း အာသံပြည်နယ် သဘာဝဘေး စီမံခန့်ခွဲရေး အဖွဲ့က ထုတ်ပြန်သည်။

တစ်ချိန်တည်းမှာပင် ဗြဟ္မပုတ္တရမြစ်၊ ဘာရက်မြစ်နှင့် ၎င်းတို့၏ မြစ်လက်တက်များရှိ မြစ်ရေမှာ စိုးရိမ်ရေမှတ်အထက်ကို ကျော်လွန်နေကြောင်း မိုးလေဝသဌာနက ထုတ်ပြန်ထားသည်။

Source: MWD Web Portal