ကော့သောင်းမြို့တွင် တစ်နေ့တည်း သစ်ပင်လဲကျမှု (၃) ကြိမ် ဖြစ်ပွား

News Image

  • ကော့သောင်းမြို့တွင် တစ်နေ့တည်း သစ်ပင်လဲကျမှု(၃)ကြိမ်ဖြစ်ပွား

တနင်္သာရီတိုင်း၊ ကော့သောင်းမြို့တွင် ဇူလိုင် ၂၀ ရက်(တစ်နေ့တည်း)၌ပင် သစ်ပင်လဲကျမှု(၃) ကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။

နံနက် ၁၁ ခွဲခန့်က ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်၊ ရှင်စောပုလမ်းတွင်သစ်ပင်လဲကျပြီး လမ်းပိတ်ဆို့နေသဖြင့် ကော့သောင်းခရိုင်/မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

ထို့ပြင် နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်ကလည်း ကော့သောင်းမြို့၊ ၄ မိုင်၊ ဗိုလ်ချုပ်လမ်းတွင် သစ်ပင်လဲ ကျနေသဖြင့် ကော့သောင်းခရိုင်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

ထို့အတူ ကော့သောင်းမြို့၊ ရွှေဇင်ယော်ရပ်ကွက်၊ ပြည်တော်စံဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ ဓမ္မာရုံပေါ်သို့ နံနက် ၈ နာရီ ၅၀ မိနစ်ခန့်ကသစ်ပင်လဲကျ၍ ကော့သောင်းခရိုင်/မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။

Popular Myanmar