ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း ၆ ကျောင်း ယာယီပိတ်ထားရ
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်မှာ ဧရာဝတီမြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း ၆ ကျောင်း ယာယီပိတ်ထားရကြောင်း မြို့နယ်သဘာဝစီမံခန့်ခွဲမှုအဖွဲ့ကသိရသည်။
ဧရာဝတီမြစ်ရေဝင်ရောက်လာမှုကြောင့် အိမ်ထောင်စုပေါင်း ၁၂၀ ကျော်၊ လူဦးရေ ၃၂၁ ဦးနှင့် ကျွဲရိုင်းတိရစ္ဆာန်များကို ယာယီရေဘေးရှောင်စခန်းများသို့ ပို့ဆောင်ပေးထားခဲ့ရကြောင်း သိရသည်။
မြစ်ရေပြန်ကျသည့်အခါ ဥပုသ်နေ့နှင့် ပိတ်ရက်များတွင် သင်ကြားရေးများကို အစားထိုးသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
မြစ်ရေဝင်ရောက်မှုကြောင့် ထုံးကြီးမူလတန်းကျောင်း၊ နိဗ္မာန်ရုံက အလယ်တန်းကျောင်း၊ သနက်ပင်စု အထကခွဲ၊ ငွေဆောင် အလကခွဲ၊ ရွာသစ်ကုန်း ကအမက နဲ့ ပေါက်ငူ အထကကျောင်း၆ကျောင်းကို ယာယီပိ-တ်ထားရကြောင်း သိရသည်။
မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းနားနီးနေထိုင်သူများသည် မြစ်ရေမြင့်တက်ခြင်းများကို နှစ်စဉ်ကြုံတွေ့ရပြီး ၊ ယခုလို ဖြစ်ပေါ်လာပါက ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ပြောင်းရွှေ့ခြင်းနှင့် ကူညီကယ်ဆယ်ပံ့ပိုးပေးခြင်းများ လုပ်ဆောင်ပေးနေကြောင်း သိရသည်။
Popular Myanmar