အီးယူသည် တရုတ်နိုင်ငံထုတ် ဆေးဘက်ဆိုင်ရာကိရိယာများ ဝယ်ယူမှုမှ တားဆီးရန် စဉ်းစားနေ

News Image

  • အီးယူသည် တရုတ်နိုင်ငံထုတ် ဆေးဘက်ဆိုင်ရာကိရိယာများ ဝယ်ယူမှုမှ တားဆီးရန် စဉ်းစားနေ

အီးယူသည် တရုတ်နိုင်ငံထုတ် ဆေးဘက်ဆိုင်ရာကိရိယာများအတွက် ဒေသတစ်ခုလုံးရှိ အများပြည်သူဆိုင်ရာ ဝယ်ယူမှုစာချုပ်များကိုကန့်သတ်ရန် အလားအလာကို စစ်ဆေးနေကြောင်း Bloomberg သတင်း ဌာနက တနင်္လာနေ့ (ဇွန် ၂) တွင် အဆိုပါ အစီအစဉ်များနှင့် ရင်းနှီး ကျွမ်းဝင်သူတစ်ဦး၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။

ဘရပ်ဆဲလ်နှင့် ပေကျင်းတို့သည် မကြာသေးမီကာလများအတွင်း ကုန်သွယ်ရေး ကာကွယ်မှုဝါဒနှင့်ပတ်သက်၍ တုံ့ပြန်မှုများ တိုးမြင့်လာသည့် အပြန်အလှန် ရင်ဆိုင်မှုများတွင် ပိတ်မိနေခဲ့သည်။

ယခုနှစ်အစောပိုင်းတွင် ဥရောပကော်မရှင် (EC) က လွန်ခဲ့သည့်နှစ်က စတင်ခဲ့သည့် မမျှတစွာ လုပ်ဆောင်ခဲ့သည်ဟု တရုတ်ကစွပ်စွဲခဲ့သော“ကုန်သွယ်ရေးလုပ်ဆောင်ချက်များဆိုင်ရာ စုံစမ်းစစ်ဆေးမှု” တွင် ပေကျင်း သည် အီးယူထုတ် ဆေးဘက်ဆိုင်ရာကိရိယာများနှင့် ထောက်ပံ့သူများ အား တရုတ်၏ ဝယ်ယူမှုဈေးကွက်သို့ ဝင်ရောက်ခွင့်ကို ကန့်သတ်ထားကြောင်း ဖော်ထုတ်တွေ့ရှိခဲ့သည်ဟု ပြောကြားခဲ့သည်။

လွန်ခဲ့သောလတွင် တရုတ်ကုန်သွယ်ရေးဝန်ကြီးဌာနသည် အီးယူမှ ဘရန်ဒီ တင်သွင်းမှုများအပေါ် ရင်းနှီးမြှုပ်နှံမှုတိုက်ဖျက်ရေး စုံစမ်းစစ်ဆေးမှုအား အဖွဲ့မှ စုံစမ်းစစ်ဆေးမှုအပေါ် တုံ့ပြန်သည့်အနေဖြင့် အမှု၏ ရှုပ်ထွေးမှုကြောင့် သက်တမ်းတိုးခဲ့ကြောင်း ကြေညာခဲ့သည်။

အမည်မဖော်လိုသူ အရင်းအမြစ်တစ်ဦးက Bloomberg သို့ ပြောကြားချက်အရ နိုင်ငံ ၂၇ နိုင်ငံပါဝင်သည့် အဖွဲ့ဝင်များသည် အဆိုပါ အဆိုပြုချက်ကို ဇွန်လ ၂ ရက် (တနင်္လာနေ့)တွင် မဲခွဲဆုံးဖြတ်ရန် မျှော်မှန်းထားသည်။

အကယ်၍ အတည်ပြုလိုက်ပါက အဆိုပါလုပ်ဆောင်ချက်သည် အများပြည်သူဆိုင်ရာ ဝယ်ယူမှုဈေးကွက်သို့ ဝင်ရောက်ခွင့်တွင် အပြန်အလှန် အကျိုးပြုမှုကို မြှင့်တင်ရန် ၂၀၂၂ ခုနှစ်တွင် အတည်ပြုခဲ့သည့်International Procurement Instrument (IPI) စည်းမျဉ်းအရ ဘရပ်ဆဲလ်၏ ပထမဆုံး လုပ်ဆောင်ချက် ဖြစ်လာမည်ဖြစ်သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ - ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂