နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း Niger ပြည်နယ်အာဏာပိုင်များက နိုင်ငံ၏ စိုက်ပျိုးရေးကဏ္ဍတွင် အဓိကထွန်းကားသော ပြည်နယ်အတွင်းရှိ စျေးကွက်ဖွံ့ဖြိုးသည့် Mokwa မြို့တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုများဖြစ်ပွားပြီး လူအနည်းဆုံး ၁၅၀ သေဆုံးကြောင်း ထုတ်ပြန် ခဲ့သည်။ပြည်နယ်အရေးပေါ်စီမံခန့်ခွဲမှုအေဂျင်စီ၏ ပြောရေးဆိုခွင့်ရှိသူ Ibrahim Hussaini က CNN သို့ စနေနေ့ (မေ ၃၁) နံနက် ၉ နာရီ (အမေရိကန် အရှေ့ပိုင်းစံတော်ချိန် မနက် ၄ နာရီ) အထိ “ကလေးငယ်များအပါအဝင်” ရုပ်အလောင်း ၁၅၁ ဦး ရှာဖွေတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့သည်။Hussaini က အခြားလူ ၃,၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပြီး ကယ်ဆယ်ရေးအဖွဲ့များ ဆက်လက်ရှာဖွေမှုများလုပ်ဆောင်လျက်ရှိပြီး သေဆုံးသူအရေအတွက် ပိုမိုများပြားလာနိုင်ကြောင်း ဖြည့်စွက် ပြောဆိုခဲ့သည်။ကိုးကား- CNNဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂
Sat, 31-မေလ-2025