လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် အိန္ဒိယနှင့် ပါကစ္စတန်တို့မှ ကိုယ်စားလှယ် အဖွဲ့များ အမေရိကန်သို့ ရောက်ရှိ

News Image

  • လက်နက်ကိုင် ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် အိန္ဒိယနှင့် ပါကစ္စတန်တို့မှ ကိုယ်စားလှယ် အဖွဲ့များ အမေရိကန်သို့ ရောက်ရှိ

အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား ဖြစ်ပွားခဲ့သည့် လက်နက်ကိုင်ပဋိပက္ခများကို ဖြေရှင်းနိုင်ရန်အတွက် နှစ်နိုင်ငံစလုံးမှ ကိုယ်စားလှယ်အဖွဲ့များသည် ဇွန်လ ၄ ရက်တွင် အမေရိကန်ပြည်ထောင်စု  ဝါရှင်တန်မြို့တော်သို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။

အိန္ဒိယကိုယ်စားလှယ်အဖွဲ့ကို အတိုက်အခံ အိန္ဒိယအမျိုးသား ကွန်ဂရက်ပါတီမှ လွှတ်တော်အမတ် တစ်ဦးဖြစ်သူ ရှာရှီသာရော်က ဦးဆောင်ပြီး အိန္ဒိယနှင့် ပါကစ္စတန်တို့ကြား ဖြစ်ပွားသည့် တိုက်ခိုက်မှုများကို တင်ပြဆွေးနွေးမည်ဖြစ်သည်။

အလားတူပင် ပါကစ္စတန် ကိုယ်စားလှယ်အဖွဲ့ကိုမူ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဘီလာဝယ် ဘူတို ဇာဒါရီက ဦးဆောင်ခဲ့ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံသည် ပါကစ္စတန်နှင့် ပဋိပက္ခ ဖြစ်ပွားပြီးနောက် နှစ်နိုင်ငံနယ်စပ်တွင် ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များသည် ပါကစ္စတန်နိုင်ငံတွင် တာဝန်ရှိကြောင်းကို ပြသရန်အတွက် ၎င်းတို့၏ ကိုယ်စားလှယ်အဖွဲ့များအား နိုင်ငံပေါင်း ၃၀ ကျော်သို့ စေလွှတ်ခဲ့ပြီးဖြစ်သည်။

ထို့ပြင် အိန္ဒိယအစိုးရအနေဖြင့် အကြမ်းဖက် တိုက်ခိုက်မှုကို လုံးဝသည်းခံမည် မဟုတ်ကြောင်းနှင့်   ပါကစ္စတန်မှ လုပ်ဆောင်သည့် ဝါဒဖြန့်ချိမှုများသည် ၁၉၄၇ ခုနှစ်မှစ၍ ဖြစ်ပွားနေခြင်းဖြစ်ကြောင်း အိန္ဒိယ BJP ပါတီမှ လွှတ်တော်အမတ်တစ်ဦးက PTI သတင်းဌာနသို့ ပြောကြားခဲ့ကြောင်း သိရသည်။

MWD Web Portal