လူသားချင်းစာနာမှုဆိုင်ရာအကူအညီများအား စောင့်ဆိုင်းနေသူများကို အစ္စရေးကတိုက်ခိုက်၊ ၂၀ ဦးသေဆုံးပြီး ၁၀၀ ခန့်ဒဏ်ရာရဟုဆို

News Image

  • လူသားချင်းစာနာမှုဆိုင်ရာအကူအညီများအား စောင့်ဆိုင်းနေသူများကို အစ္စရေးကတိုက်ခိုက်၊ ၂၀ ဦးသေဆုံးပြီး ၁၀၀ ခန့်ဒဏ်ရာရဟုဆို

ဂါဇာကမ်းမြောင်ဒေသသို့ပေးပို့သည့် လူသားချင်းစာနာမှုဆိုင်ရာအကူအညီများအား စောင့်ဆိုင်းနေသူများကို အစ္စရေးနိုင်ငံက တိုက်ခိုက်ခဲ့ခြင်းကြောင့် လူ ၂၀ ဦးသေဆုံးပြီး  ၁၀၀ ခန့် ဒဏ်ရာရရှိသွားကြောင်း Al Jazeera ရုပ်သံသတင်းဌာနက ဇူလိုင်လ ၂၆ ရက်တွင် ဖော်ပြသည်။

အစ္စရေးတပ်မတော်သည်     ဇစ်ကင်နယ်စပ်ဖြတ်ကျော်ရေးစခန်းအနီးတွင် လူသားချင်းစာနာမှု အကူအညီများ ရရှိရန်အတွက် စောင့်ဆိုင်းနေသည့် ပါလက်စတိုင်းပြည်သူများအပေါ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရုပ်သံသတင်းဌာနက   ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

ဂါဇာကမ်းမြောင်ဒေသတွင်     အစာရေစာငတ်မွတ်ခေါင်းပါးမှု ဖြစ်ပွားခြင်းမရှိဘဲ      စားရေရိက္ခာ မဖူလုံမှုသာ ဖြစ်ပွားနေကြောင်း   အစ္စရေးနိုင်ငံက ဇူလိုင်လ   ၂၅ ရက်တွင် ထုတ်ပြန်ခဲ့ပြီး    ဂါဇာကမ်းမြောင်ဒေသသို့     လူသားချင်းအကူအညီပေးရေးပစ္စည်းများကို   တင်ဆောင်လာသည့် ကုန်တင်ယာဉ်အစီးပေါင်း  ၉၀၀ ကိုစေလွှတ်ရန်   အစ္စရေးနိုင်ငံက ကုလသမဂ္ဂအဖွဲ့အား  စည်းရုံးနိုင်ခဲ့ကြောင်း Jerusalem  Post  သတင်းစာက   ဖော်ပြထားသည်။

အစ္စရေးနိုင်ငံသည်   ပါလက်စတိုင်းစစ်သွေးကြွအဖွဲ့ဖြစ်သည့် ဟားမက်အဖွဲ့က အစ္စရေးပိုင်နက်များ အတွင်းသို့ ၂၀၂၃ခုနှစ် အောက်တိုဘာလ ၇ ရက်က စတင်တိုက်ခိုက်ခဲ့ပြီးနောက် တုံ့ပြန်သည့်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသအတွင်းသို့     ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အစ္စရေး၏ အဆိုပါထိုးစစ်အတွင်း ပါလက်စတိုင်းပြည်သူ ၆၀၀၀၀ နီးပါးသေဆုံးခဲ့ပြီးဖြစ်သည်။        

Ref: Iv, St

MWD Web Portal