တရုတ်နိုင်ငံသည် အီရန်နှင့် ရုရှားနိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးများအား လက်ခံတွေ့ဆုံ

News Image

  • တရုတ်နိုင်ငံသည် အီရန်နှင့် ရုရှားနိုင်ငံတို့မှ ကာကွယ်ရေးဝန်ကြီးများအား လက်ခံတွေ့ဆုံ

အရှေ့အလယ်ပိုင်းဒေသစစ်ပွဲနှင့် စစ်ရေးအသုံးစရိတ်တိုးမြှင့်ရန်ဟူသော ရည်ရွယ်ချက်ဖြင့် ကျင်းပပြုလုပ်သည့် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ ထိပ်သီးအစည်းအဝေးကို တန်ပြန်ရန်အတွက် တရုတ်နိုင်ငံသည် ဇွန်လ ၂၆ ရက် (ကြာသပတေးနေ့)တွင် တရုတ်နိုင်ငံအရှေ့ဘက် ဆိပ်ကမ်းမြို့ ဖြစ်သည့် Qingdao မြို့၌ အီရန်နှင့် ရုရှားနိုင်ငံတို့မှ ကာကွယ်ရေး ဝန်ကြီးများနှင့် အစည်းအဝေးပြုလုပ်ခဲ့သည်။

တရုတ်နိုင်ငံသည် အဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံပါဝင်သည့် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ (SCO) ကို အနောက်အုပ်စုများဦးဆောင်သော အင်အားစု နိုင်ငံများအကြား ဟန်ချက်ညီစေရန် ထိန်းညှိပေးမည့်အဖွဲ့အဖြစ် ဆောင်ရွက်ရန် နှင့် SCO အဖွဲ့ဝင်နိုင်ငံများအကြား နိုင်ငံရေး၊ လုံခြုံ‌ရေး၊ ကုန်သွယ်ရေးနှင့် သိပ္ပံပညာရပ်နယ်ပယ်တို့တွင်   ပူးပေါင်းဆောင်ရွက်မှု ခိုင်မာအားကောင်းစေရန် ကြိုးပမ်းလျက်ရှိသည်။ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO) ကို ၂၀၀၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့ပြီး တရုတ်နှင့် ရုရှားနိုင်ငံအပါအဝင် ကာဇက်စတန်၊ ကာဂျစ္စတန်၊ တာဂျစ်ကစ္စတန်နှင့် ဥဇဘက်ကစ္စတန်၊ အိန္ဒိယ၊ ပါကစ္စတန်၊ အီရန်နှင့် ဘယ်လာရုစ်နိုင်ငံတို့က အဖွဲ့ဝင်နိုင်ငံများ အဖြစ် ပါဝင်ဖွဲ့စည်းထားသည်။

SCO အဖွဲ့၏ ကာကွယ်ရေးဆိုင်ရာ ထိပ်ပိုင်းခေါင်းဆောင်ကြီးများ အစည်း အဝေးကို အစ္စရေး- အီရန်ပဋိပက္ခ ၁၂ ရက်ကြာ အပြင်းအထန် ဖြစ်ပွား ပြီးနောက် ယာယီအပစ်အခတ်ရပ်စဲရေးစတင်ချိန်တွင် ကျင်းပခြင်း ဖြစ်သည်။ 

ကိုးကား -CNA

ဘာသာပြန်ဆိုသူ- ဒေါ်မေသူခိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး၊ နစက-၃