ယူကရိန်းပဋိပက္ခအဆုံးသတ်ရေးအတွက် သမ္မတပူတင်နှင့် ဆွေးနွေးမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်ပြောကြား
သည်ဟိဂ် ဇွန် ၂၆
ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်ရေးအတွက် မကြာမီ ကာလအတွင်း မိမိအနေဖြင့် ရုရှား သမ္မတပူတင်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ဇွန် ၂၅ ရက်တွင် ပြောကြားခဲ့သည်။
နယ်သာလန်နိုင်ငံ သည်ဟိဂ် မြို့၌ကျင်းပသည့် မြောက်အတ္တလန်တစ်စာချုပ်အဖွဲ့ (နေတိုး) ထိပ်သီးညီလာခံ သတင်းစာ ရှင်းလင်းပွဲတွင် သမ္မတဒေါ်နယ်ထရမ့်က အဆိုပါအတိုင်းအတည် ပြုပြောကြားခဲ့ခြင်းဖြစ်သည်။
ယူကရိန်းပဋိပက္ခကို အဆုံးသတ်နိုင်ရေးအတွက် မိမိအနေဖြင့် မကြာမီကာလအတွင်း ရုရှားသမ္မက ပူတင်နှင့် ဆွေးနွေးမည်ဖြစ်ကြောင်း၊ သမ္မတပူတင်အနေဖြင့် ယူကရိန်းပဋိပက္ခကို ရပ်ပေးရမည် ဖြစ်ကြောင်း သမ္မတဒေါ်နယ်ထရမ့်က ပြောကြားခဲ့သည်။
သည်ဟိဂ်မြို့ နေတိုးထိပ်သီး ညီလာခံကာလအတွင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ယူကရိန်းသမ္မတ ဇီလန်စကီးနှင့် လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ရုရှား၏တိုက်ခိုက်မှုကိုကာကွယ်ရာတွင် အကူအညီရရှိရေးအတွက် ယူကရိန်းနိုင်ငံသို့ ပက်ထရီးယော့ ဒုံးခွင်းဒုံးစနစ်အချို့ပေးအပ်ရန် မိမိစဉ်းစားမည်ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ယူကရိန်း သမ္မတနှင့်တွေ့ ဆုံစဉ် ပြောကြား ထားသည်။
သမ္မတရာထူး ရရှိခဲ့ပါက ယူကရိန်းပဋိပက္ခကို အဆုံးသတ် ပေးနိုင်ရေးအတွက် ကြိုးပမ်းမည် ဖြစ်ကြောင်း သမ္မတ ဒေါ်နယ်ထရမ့်က ၂၀၂၄ ခုနှစ် အမေရိကန် သမ္မတရွေးကောက်ပွဲ မဲဆွယ် ကာလကပင် ကတိပေးထားကြောင်း သိရသည်။
Ref: RT
To: KKO
YDNB Newspaper