ငြိမ်းချမ်းရေးဖိုရမ် တတိယနေ့ကျင်းပ

News Image

  • ငြိမ်းချမ်းရေးဖိုရမ် တတိယနေ့ကျင်းပ

ဇွန်လ (၂၅) ရက်က စတင်ကျင်းပနေသည့် ငြိမ်းချမ်းရေးဖိုရမ်( Peace Forum 2025) ကို ယနေ့ ဇွန်လ (၂၇) ရက် နံနက်ပိုင်းတွင် တတိယနေ့အဖြစ် ဆက်လက်ကျင်းပလျက်ရှိသည်။

NSPNC မှ တာဝန်ရှိသူများ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အရပ်ဘက်ပညာရှင်များနှင့် စစ်ဘက်/အရပ်ဘက် တာဝန်ရှိသူများ တက်ရောက်ဆွေးနွေးနေသည့် အဆိုပါ ငြိမ်းချမ်းရေးဖိုရမ်တွင် ယနေ့၌လည်း အုပ်စု(၂) ခုခွဲ၍ တံခါးပိတ်ဆွေးနွေးကြမည်ဖြစ်သည်။

လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာကိစ္စများ၊ လူမှုစီးပွားဘဝစိန်ခေါ်မှုများ၊ မြန်မာနိုင်ငံ၏ ပထဝီနိုင်ငံရေးဆိုင်ရာကိစ္စများ၊ အသွင်ကူးပြောင်းရေးတွင် ပြောင်းလဲကျင့်သုံးသင့်သည့် နည်းဗျူဟာများနှင့်ပတ်သက်၍ ဦးဆောင်ဆွေးနွေးမှုနှင့် အပြန်အလှန်ဆွေးနွေးမေးမြန်းမှုများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။

Source: Popular Myanmar