အိန္ဒိယက ရုရှားအတွက် ထူးခြားအရေးပါသည့်မိတ်ဖက်နိုင်ငံဖြစ်ဟုဆို
မော်စကို၊ နိုင်ငံရေး
အိန္ဒိယနိုင်ငံသည် ရုရှားနိုင်ငံအတွက် ထူးခြားပြီးအရေးပါသည့် မဟာဗျူဟာ မြောက်မိတ်ဖက်နိုင်ငံဖြစ်ကြောင်း ရုရှား ကာကွယ်ရေးဝန်ကြီးက အိန္ဒိယကာကွယ်ရေးဝန်ကြီးနှင့် ဇွန်လ ၂၆ ရက်တွင်တွေ့ဆုံ စဉ်ပြောသည်။
ထို့ပြင် အိန္ဒိယနိုင်ငံနှင့်ဆက်ဆံရေးက စစ်ဘက်-နည်းပညာ နယ်ပယ်အထိတိုးမြင့်ရောက်ရှိလာပြီဖြစ်ကြောင်း တရုတ် နိုင်ငံ ကျင်းတောင်မြို့၌ကျင်းပနေသော ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ထိပ်သီးညီလာခံ၏ဘေးပန်းတွေ့ဆုံမှုတွင် တွေ့ဆုံစဉ် ရုရှားကာကွယ်ရေးဝန်ကြီးက ယခုကဲ့သို့ပြောခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံသည် နိုင်ငံအတွက်လိုအပ်နေသော စစ်လက်နက်ပစ္စည်းများအနက် ၆ဝ ရာခိုင်နှုန်းကို ရုရှားနိုင်ငံမှတင်သွင်း နေခြင်းဖြစ်သော်လည်း ယခုအခါ ရုရှားနှင့် ပူးပေါင်း၍ ပြည်တွင်း၌ထုတ်လုပ်မှုများ ပိုမိုလုပ်ဆောင်လာလျက်ရှိသည်။
Ref: RT
MWD Daily Newspaper
Photo - The Economic Time
MM-News-Category