တံတားဦးမြို့နယ် အခြေခံစားသောက်ကုန်များအား သက်သာသော ဈေးနှုန်းဖြင့် ပြည်သူများ လက်ဝယ်အရောက် ရောင်းချ
တံတားဦး ၊ ဇူလိုင် - ၁
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ပြည်သူများသို့ အခြေခံ စားသောက်ကုန်များအား ယနေ့နံနက် (၇) နာရီက တံတားဦးမြို့ စည်ပင်သာယာရေးအဖွဲ့ပိုင် မြို့မဈေး တောင်ဘက်လမ်းတွင် သက်သာသောဈေးနှုန်းဖြင့် ပြည်သူများလက်ဝယ်အရောက် ရောင်းချပေးကြောင်းသိရသည်။
ထိုသို့ရောင်းချပေးရာ၌ တံတားဦး ခရိုင်/ မြို့နယ် ကုန်ဈေးနှုန်းတည်ငြိမ်ကျဆင်းရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် တံတားဦးမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန ၊ စည်ပင်သာယာရေးအဖွဲ့ ၊ ဆန်ကုန်သည်များအသင်း ၊ ဆီကုန်သည်များအသင်းနှင့် ဥစားကြက်မွေးမြူရေး လုပ်ငန်းရှင်များ ပူးပေါင်း၍ ပြည်သူများအတွက် လက်ရှိ ကာလပေါက်ဈေးနှုန်းထက် ၂၀ ရာခိုင်နှုန်းလျော့ချ၍ ရောင်းချခဲ့ရာ အမဲသားမှာ မူရင်းဈေးဖြစ်သည့် တစ်ပိဿာလျှင် (၃၄၀၀၀)ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပိဿာလျှင် ၂၈၀၀၀ ကျပ်ဖြင့် အချိန်(၃၀)ပိဿာ ၊ ဝက်သားမှာ မူရင်းဈေးဖြစ်သည့် တစ်ပိဿာလျှင် (၃၆၀၀၀)ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပိဿာလျှင် ၃၀၀၀၀ ကျပ်ဖြင့် အချိန်(၃၅)ပိဿာ ၊ ဆိတ်သားမှာ မူရင်းဈေး ဖြစ်သည့် တစ်ပိဿာလျှင်(၄၄၀၀၀)ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပိဿာလျှင် ၃၆၀၀၀ ကျပ်ဖြင့် အချိန်(၁၅)ပိဿာ ၊ ကြက်ဥတစ်လုံးလျှင် မူရင်း ဈေးမှာ (၄၅၀)ကျပ်အစား သက်သာသောဈေးအဖြစ် တစ်လုံးလျှင်(၃၀၀)ကျပ်ဖြင့် ကြက်ဥ(၁၅၀၀)လုံး ၊ စားဆီ တစ်ပိဿာလျှင် မူရင်းဈေးမှာ (၁၀၀၀၀)ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပိဿာ လျှင်(၇၄၀၀) ကျပ်ဖြင့် ဆီ(၁၂၀)ပိဿာ ၊ ဆန်တစ်ပြည်လျှင် မူရင်းဈေးမှာ(၄၅၀၀)ကျပ်အစား သက်သာသောဈေးအဖြစ် တစ်ပြည်လျှင် (၃၅၀၀)ကျပ်ဖြင့် ဆန် (၂၄၀) ပြည် တို့ကို စားသုံးများ၏ လက်ဝယ်အရောက် ရောင်းချပေးကြောင်းသိရသည် ။
အဆိုပါရောင်းချနေမှုအား တံတားဦးမြို့ စည်ပင်သာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်မင်းမင်းထွန်းနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာတာဝန်ရှိသူများရောင်းဈေးရောင်း ၊ ဈေးဝယ်များ ကြည့်ရှုအားခဲ့ကြောင်း သိရသည်။
ပေးပို့သူ- ဦးရဲတင့် (ပြန်/ဆက်)