မွန်းလွဲပိုင်းက ရွာသွန်းခဲ့သည့်မိုးကြောင့် ရန်ကုန်တိုင်းရှိ မြို့နယ်(၂)ခုတွင် သစ်ပင်များလဲကျ
ယနေ့ ဇူလိုင် ၁၀ ရက်မွန်းလွဲပိုင်းက ရွာသွန်းခဲ့သည့်မိုးကြောင့် ရန်ကုန်တိုင်းရှိ စမ်းချောင်းမြို့နယ်နှင့် တိုက်ကြီးမြို့နယ်တို့တွင် သစ်ပင်လဲကျမှုများဖြစ်ပွားခဲ့ကြောင်း မီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
စမ်းချောင်းမြို့နယ်တွင် မွန်းလွဲ ၂ နာရီ ၂၀ မိနစ်ခန့်က မိုးရွာသွန်းမှုကြောင့် ရှင်စောပုရပ်ကွက်၊ ဗားကရာလမ်းတွင် ကားတစ်စီးပေါ်သို့သစ်ပင်လဲကျကာ ပိမိနေသဖြင့် စမ်းချောင်းမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များဖြင့် ဖယ်ရှားရှင်းလင်းမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။
ထို့အတူ မွန်းလွဲ ၂ နာရီ ၁၂ မိနစ်ခန့်ကလည်း တိုက်ကြီးမြို့နယ်အတွင်းမိုးရွာသွန်းမှုကြောင့် တာဂွကျေး ရွာအုပ်စု၊ ရန်ကုန်-ပြည်လမ်းပေါ်တွင်သစ်ပင်လဲကျပြီးလမ်းပိတ်နေသဖြင့် တိုက်ကြီးမြို့နယ်မီးသတ်စ ခန်းမှတပ်ဖွဲဝင်များက ဖယ်ရှားရှင်းလင်းပေးခဲ့ကြကြောင်း သိရသည်။
Popular Myanmar
MM-News-Category